Winkabar
A lot of my thoughts...အိပ်စက်ခြင်းနှင့်ပတ်သက်၍
- Posted: 3:48:00 PM
- |
- Author: Winkabar
အိပ်စက်ခြင်း
လူ့သဘာဝအိပ်စက်ခြင်းကိုလိုအပ်ပါတယ်။ တစ်နေကုန်ကုန်ခမ်းသွားတဲ့ အားအင်တွေကိုပြန်ဖြည့်ဖို့နဲ့အနားယူဖို့အတွက်ပါ။ လိုအပ်တဲ့အိပ်ချိန်တွေကတော့ အသက်အရွယ်နဲ့လူအပေါ်မှာမူတည်ပြီးတော့ကွဲပြားခြားနားနိုင်ပါတယ်။ မွေးကာစကလေးတွေဟာ တစ်နေ့ကို ၁၈ အိပ်ဖို့လိုအပ်ပေမယ့် အရွယ်ရောက်ပြီးလူကြီးတွေကတော့ တစ်နေ့ကို ၈ နာရီသာလျှင်လိုပါတော့တယ်။ လူတစ်ယောက်နဲ့တစ်ယောက်လိုအပ်တာလည်းမတူနိုင်ပါဘူး။ တစ်ချို့က အိပ်ချိန်တစ်ရက်ကို ၆ နာရီလောက်နဲ့သာလုံလောက်နိုင်ပေမယ့် တစ်ချို့ကျတော့ ၈နာရီလောက်မှသာလုံလောက်နိုင်သာတွေလည်းရှိပါတယ်။
အိပ်ခြင်း ဘာလို့လိုအပ်
အိပ်ချိန်မလုံလောက်ရင် ပြည့်ပြည့်၀၀ မအိပ်ရလျှင် နောက်တစ်ရက် အလုပ်လုပ်တဲ့နေရာမှာ အခက်အခဲရှိနိုင်ပါတယ်။ စိတ်သွားတိုင်းကိုယ်မပါတာတို့ အရာရာကိုအလိုမကျတာတို့ဖြစ်နိုင်ပါတယ်။ အိပ်တဲ့အချိန်ကျရင် ခန္ဓာကိုယ်က ဆဲလ်တွေက ပြုပြင်ရေးလုပ်ကြပါတယ်။ နောက်ပြီး ဦးနှောက်ကလည်း အနားရတော့ ခေါင်းကြည်ပြီး ပြဿနာတွေကိုသေချာစဉ်းစားဆုံးဖြတ်လာပါတယ်။ ဒါကြောင့် စာမေးပွဲရှိတဲ့ နေ့တွေဆိုရင် အိပ်ရေး၀၀အိပ်ပေးဖို့လိုအပ်ပါတယ်။ နောက်ကျတဲ့အထိစာကျက်တာမျိုးကိုတတ်နိုင်သမျှရှောင်ကြဉ်သင့်ပါတယ်။ အိပ်တဲ့အချိန်မှာ Growth Hormone နဲ့ Immune System ဓာတုပစ္စည်းတွေကို ခန္ဓာကိုယ်ကနေထုတ်လုပ်ပေးပါတယ်။ Growth Hormone ကလေးတွေမှာပိုပြီးတော့ အရေးကြီးပါတယ်။ သူတို့ရဲ့ ကြီးထွားမှုနှုံးက Growth Hormone အပေါ်မှာလည်းမူတည်နေလို့ အိပ်ချိန်မလုံလောက်တဲ့ကလေးတွေဟာ သာမန်ကလေးတွေလောက်မကြီးထွားပဲ နှောင့်နှေးနေတတ်ပါတယ်။ Immune System ကတော့ ရောဂါကိုတိုက်ဖျက်ပေးတဲ့ အဖွဲ့အစည်းပါ။ ဒါကြောင့် အိပ်ချိန်နည်းပါးရင် ကျန်းမာရေး ချူချာလာနိုင်ပါတယ်။
အိပ်ခြင်း အဆင့်
အိပ်တဲ့နေရာမှာ အဆင့် ငါးဆင့်ရှိပါတယ်။ သူက water cycle ပုံစံမျိုးပဲ လည်ပတ်နေပါတယ်။ ဆိုလိုတာက အဆင့် ၁၊ ၂၊ ၃၊ ၄၊ ၅ ပြီးသွားရင် အဆင့် ၁ ပြန်လာပါတယ်။ ဒီလိုပဲ မနိုးမချင်း အစဉ်လိုက်ပြန်သွားပါတယ်။ အဆင့်တစ်ဆင့်ကိုယေဘုယျအားဖြင့် မိနစ် ၉၀ ကနေ ၁၁၀ အထိကြာပါတယ်။ အဓိက အဆင့်ကြီး နှစ်ခုက REM နဲ့ NREM ပါ။ REM က နံပါတ် ၁ အဆင့်ပါ။ စအိပ်ပျော်တာနဲ့ REMအဆင့်စပါတယ်။ REM ဆိုတာ Rapid Eye Movement လို့ဆိုတဲ့အတိုင်းပဲ အဲဒီအဆင့်မှာ မျက်လုံးတွေက ရွေ့နေပါတယ်။ တစ်ခါတစ်ခါ အိပ်ပျော်ခါစ လူတစ်ယောက်ရဲ့ မျက်လုံးကိုကြည့်မယ်ဆိုရင် သူ့မျက်လုံးတွေက ရွေ့နေတာကိုတွေ့ရပါလိမ့်မယ်။ ဒီအဆင့်ကတော့ အိပ်မက်မက်တဲ့အဆင့်ပါ။ သူ့ရဲ့ မျက်လုံးတွေရွေ့တာဟာ အိပ်မက်ထဲက ပုံရိပ်တွေကိုလိုက်ကြည့်နေလို့ပါ။ ဒီအဆင့်မှာ ဦးနှောက်က light sleep ဖြစ်ပြီး ကြွက်သားတွေကတော့ deep sleep ပါ။
ကြွက်သားတွေက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပေမယ့် ဦးနှောက်ကတော့ အနည်းငယ်သာလျှင်အိပ်ပျော်နေပါတယ်။ အဲဒါကြောင့် ဒီအချိန်မှာ ရုတ်တရက်အသံတစ်ခုခုကြားတာပဲဖြစ်ဖြစ် alarm ထမြည်တာပဲဖြစ်ဖြစ် တစ်ခါတည်း နိုးလာပေမယ့် ထဖို့ကတော့အချိန်ယူရပါတယ်။ ဥပမာ။ ။ alarm မြည်လာရင် ဦးနှောက်က နိုးလွယ်တော့ ချက်ချင်းမျက်လုံး ပွင့်လာပေမယ့် ကြွက်သားတွေက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့အတွက်ကြောင့်alarm ကိုချက်ချင်းပိတ်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။
အိပ်ခြင်းရဲ့ အဆင့် ၂ ၃ ၄ ၅ ကတော အဆင့်ကြီးနောက်တစ်ခုဖြစ်တဲ့ NREM ရဲ့အဆင့်ခွဲတွေပါ။ NREM ဆိုတာ Non-Rapid Eye Movement လို့ဆိုတဲ့အတိုင်း ဒီအဆင့်မှာ မျက်လုံးရွေ့ခြားခြင်းမရှိပါဘူး။ အိပ်မက်မက်ခြင်းလည်းသိပ်မရှိတော့ပါဘူး။ ဒီအဆင့်ဟာ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်တဲ့အဆင့်ရောက်လာပါပြီ။ တော်ရုံတန်ရုံ အသံကြားရုံ တော်ရုံ လှုပ်နိုးရုံနဲ့ မနိုးနိုင်တော့ပါဘူး။ အရမ်းအိပ်ပျော်သွားတော့ unconsicous ဆိုတဲ့အဆင့်ကိုရောက်သွားပါတယ်။ unconsicous ဆိုတာ ကိုယ့်စိတ်ကို သတိမထားမိတော့တာပါ။ ဒီအချိန်မှာဘာတွေဖြစ်လဲဆိုတာကို နိုးလာရင်ဘာမှသတိမရနိုင်တော့ပါဘူး။ ဒါကြောင့်မလို့ ဒီအဆင့်မှာ sleep walking လို့ခေါ်တဲ့ အိပ်နေရင်းလမ်းထလျှောက်တာတွေဖြစ်လာပါတယ်။ လူတစ်ယောက်ဟာ အဲလိုလမ်းထလျှောက်နေတဲ့အချိန်ဆိုရင် သူဘာလုပ်လို့လုပ်မှန်းမသိနိုင်ပါဘူး။
အိပ်မက်မက်ခြင်း
အိပ်မက်မက် တဲ့နေရာမှာ Latent Dream Content နဲ့ Manifest Dream Content ဆိုပြီးနှစ်မျိုးရှိပါတယ်။ Latent Dream Content ကတော့ကိုယ်အမှန်တကယ် မြင်မက်တဲ့အိပ်မက်ပါ။ Manifest Dream Content ကတော့ နိုးလာတော့ ကိုယ်ကပြန်မှတ်မိတဲ့ အိပ်မက်၊ သူများကိုပြန်ပြောတဲ့ အိပ်မက်ပါ။ အဲလို Latent Dream Content ကနေ Manifest Dream Content ကိုပြောင်းပေးတဲ့အလုပ်ကို Dream Work လို့ခေါ်ပါတယ်။ လူတစ်ယောက်ဟာ ညတိုင်းလိုလိုအိပ်မက်မက်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံကျတော့ Dream Work ကကောင်းကောင်းအလုပ်မလုပ်တဲ့အတွက် ညကမက်ခဲ့တဲ့အိပ်မက်တွေကိုပြန်သတိမရတော့တာပါ။
Others
Insomnia
Insomnia ဆိုတာ အိပ်မပျော်တဲ့ရောဂါတစ်မျိုးပါ။ နာကျင်ကိုက်ခဲခြင်းတစ်ခုခုကိုခံစားနေရရင်၊ ဗိုက်ဆာရင်၊ ပူဆွေးသောကရောက်နေရင်၊ စိတ်ဖိစီးမှု၊ စိတ်ညစ်မှုတွေရှိနေရင်၊ အိပ်ခါနီး ကော်ဖီတို့ လက်ဖက်ရည်တို့ သောက်ထားရင် အိပ်မပျော်တာတွေဖြစ်တတ်ပါတယ်။
Insomnia မှာ Initial---ညဦးပိုင်းမှာအိပ်ပျော်ပြီး တစ်ညလုံးအိပ်လို့မရခြင်း
Terminal--- ညဦးပိုင်းမှာ အိပ်မပျော်ပဲညနက်လာတဲ့အခါကျမှအိပ်လို့ရခြင်း
Intermittent ---- တစ်ညလုံးအိပ်လိုက်နိုးလိုက်ဖြစ်နေခြင်း
ဆိုပြီးအမျိုးအစားသုံးမျိုးရှိပါတယ်။ တချို့လူတွေဟာ တစ်မျိုးပဲဖြစ်တတ်ပြီးတော့ တချို့ကျတော့ သုံးမျိုးလုံးဖြစ်တတ်ပါတယ်။
အိပ်မပျော်ခြင်းနှင့်ကုသခြင်း အကြောင်းအရာတွေကိုပိုမိုသိလိုပါက ဤ
နေရာတွင်ဖတ်ရှုနိုင်ပါသည်။
ဟောက်ခြင်း
အိပ်ပျော်နေတဲ့အခါ လူတွေက ငြိမ်ငြိမ်လေးအိပ်နေတော့ တစ်ခါတစ်ခါကျရင် အသက်ရှုဖို့ အခက်အခဲဖြစ်တာ လေသေသေချာချာ မရတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအချိန်ကျရင် ထိုလူဟာ သူရဖို့လေတွေကိုအတင်းရယူဖို့ကြိုးစားတဲ့အခါမှာ ဟောက်ခြင်းဖြစ်ပေါ်လာပါတယ်။ ဟောက်လိုက်တဲ့အခါမှာလေအလုံအလောက်ရရှိလာပါတယ်။ တစ်ခါတစ်ခါကျရင် ဟောက်နေတဲ့လူကို သူ့ခေါင်းနည်းနည်းရွေ့ပေးလိုက်ရင်ဟောက်သံတိတ်သွားပါတယ်။ လူကြီးတွေဟာ အသက်ရှုကျပ်ရင်ဟောက်ပေမယ့် ကလေးလေးတွေကတော့ ဟောက်လေ့မရှိတဲ့အတွက် သူတို့အိပ်တဲ့အခါမှာ စက်တွေနဲ့ဆက်သွယ်ထားရပါတယ်။ ကလေးတွေ အသက်ရှုတာ အခက်အခဲဖြစ်လာရင် စက်က အချက်ပြပေးပါတယ်။ အဲဒီအခါကျရင် သူတို့ကို နေရာနည်းနည်းရွေ့ပေးလိုက်ရင် အသက်ရှုရတာ ပြန်အဆင်ပြေသွားပါတယ်။
18 people have left comments
P.Ti said:
အိပ်တဲ့အကြောင်းကို ကျွန်တော်လည်း စိတ်ဝင်စားတယ်။ ကျွန်တော်ကတော့ အချိန်တိုတိုနဲ့ အိပ်ရေး၀၀အိပ်ရတာကို ကြိုက်တယ်။ တနေ့ကို ၆နာရီလောက် ကောင်းကောင်း အိပ်ရရင် အိပ်ရေးဝတယ်။ တခါတလေ အိပ်ချိန်ကြာပြီး အိပ်ရေးမ၀တာ ဖြစ်တတ်တယ်။
မင်းကျန်စစ်။ said:
အကို့လို အအိပ်မက်တဲ့ သူနဲ့တော့ ကွက်တိပဲ။ ညဘက်ကျတော့ မအိပ်ဖြစ်ပဲ နေ့ဘက်မှ တစ်နေ့လုံး အိပ်ဖြစ်တာကျတော့ ဘယ်လို့လဲ မသိဘူး ညီမလေးရေ။
မေပျို said:
နှင်းနုရေ
သဲကတော့ အအိတ်ဆတ်တယ် ပြောရမယ်။ အသံကြားတာနဲ့ နိုးတာပဲ။ ဒီအတိုင်း အေးအေးဆေးဆေးဆိုရင်တော့ တညလုံးကို တရေးထဲ အိပ်ပျော်တာ။ နောက်ပီး ကားပေါ်တွေမှာဆို အိပ်တတ်ဝူး။ ဒါ့ကြောင့် မနေ့ကဆို ကားပေါ်မှာ တညလုံးဒီအတိုင်း မိုးလင်းတာပဲ။
Anonymous said:
မှတ်သားစရာတွေပါညီမလေးရေ...ကျေးဇူးအရမ်းတင်ပါတယ်။
အစ်မကတော့ alarm မြည်လာရင် မျက်လုံးကမပွင့်ဘူး။ လက်ကပိတ်ပြီးသားဖြစ်နေတယ်။ ကြွက်သားကဦးနှောက်ထက်အရင်နိုးတာလား။ ဦးနှောက်ကပိတ်ဖို့ပဲသတိရပြီး ထဖို့သတိမရဘူး။ အဲ့ဒါဘယ်လိုပြောရမလဲမသိဘူး ဟီး..ဟီး..
Anonymous said:
အစ်မက တစ်ခါတစ်ခါ unconsicous အဆင့်ရောက်သွားတယ်ထင်တယ်.။ နှိုးစက်မြည်သံလဲ မကြားဘူး..။ စိတ်ချလက်ချ အိပ်ပျော်သွားရင်လေ..။ အိပ်ရင်းနဲ့ ကြွက်တက်တာတော့ ဒုက္ခအရောက်ဆုံးပဲ..။
Anonymous said:
အစ်မက တစ်ခါတစ်ခါ unconsicous အဆင့်ရောက်သွားတယ်ထင်တယ်.။ နှိုးစက်မြည်သံလဲ မကြားဘူး..။ စိတ်ချလက်ချ အိပ်ပျော်သွားရင်လေ..။ အိပ်ရင်းနဲ့ ကြွက်တက်တာတော့ ဒုက္ခအရောက်ဆုံးပဲ..။
ကလိုစေးထူး said:
ဗဟုသုတနဲ့ပညာပေး ဆောင်းပါးလေးပါပဲ ညီမရေ။ အကိုကတော့ တနေ့ကို ၆ နာရီလောက်သာ အိပ်ချိန်ရှိတဲ့ အထဲမှာပါတယ်။ ခပ်ငယ်ငယ်တုန်းကတော့ အတော်လေး အအိပ်မက်ဖူးတယ်။ အခုတော့ ပန်ဒိုရာပြောသလိုပဲ အသက်ကလေးနည်းနည်း ထောက်လာတော့ ဟိုဟိုဒီဒီတွေးရင်းနဲ့ပဲ အိပ်ချိန်ကို အတွေးချိန်က ဖဲ့ဖဲ့ယူသွားတယ်လေ။
ကလူသစ် said:
အိပ်ဖို့ အရမ်းလိုအပ်ကြောင်း အရမ်းထောက်ခံပါတယ်။ အိပ်ချိန်ပြည့်ပြည့်၀၀ရဖို့ ရုံးချိန်တွေ လျော့ခိုင်းစေသင့်ပါတယ်။ မေဒေးနေ့ပေါ်လာအောင် လုပ်ခဲ့သလို ၀န်ထမ်းတွေ တခဲနက် ပူးပေါင်းပါဝင် လုပ်ဆောင်သင့်ပါတယ်။ ဒါနဲ့ မြန်မာပြည်ကရုံးချိန်လေးကို လွမ်းလိုက်တာဗျာ။ ၉နာရီခွဲကနေ ၄နာရီခွဲထိတဲ့ စနေပိတ်သေးတယ်။ :(
Commentors on this Post-
- nu-sanPosted: January 9, 2008 at 10:16 PM
- P.TiPosted: January 10, 2008 at 8:23 AM
- Mhaw SayarPosted: January 10, 2008 at 2:42 PM
- မြရွက်ဝေPosted: January 10, 2008 at 9:39 PM
- YanPosted: January 11, 2008 at 12:28 AM
- UlmukaPosted: January 11, 2008 at 6:37 AM
- မင်းကျန်စစ်။Posted: January 11, 2008 at 9:33 PM
- pandoraPosted: January 12, 2008 at 12:11 AM
- မေပျိုPosted: January 12, 2008 at 10:21 AM
- kthuyeinPosted: January 12, 2008 at 5:01 PM
- AnonymousPosted: January 13, 2008 at 10:00 PM
- ChaosPosted: January 14, 2008 at 1:09 AM
- AnonymousPosted: January 14, 2008 at 10:03 AM
- AnonymousPosted: January 14, 2008 at 10:03 AM
- ကလိုစေးထူးPosted: January 23, 2008 at 7:44 AM
- ကလူသစ်Posted: January 26, 2008 at 2:31 AM
- Kaung Kin KoPosted: January 28, 2008 at 12:09 AM
- AnonymousPosted: February 9, 2008 at 3:42 PM
Lemon Twist Blogger Template is an extremely beautiful blogger template created by JackBook.Com based on Lemon Twist Wordpress themes by farfromfearless.com. You can edit this words into your own.
nu-san said:
ညီမလေးရေ.. အမကတော့ အအိပ်မက်လို့လား မသိဘူး..ဒီပို့စ်လေးကို သဘောကျတယ်.. ဗဟုသုတရတယ်.. အမက အိပ်မပျော်တဲ့ရောဂါ ၃ မျိုးလုံးဖြစ်တယ်...ရက်သာ မတူတာ..မနေ့ကဆို အိပ်လိုက် နိုးလိုက်နဲ့ မနက်မိုးလင်းလာတော့ အိပ်ရတယ် မထင်ဘူး.. (ရုံးမှာ ငိုက်တာပေါ့.. ဘာရမလဲ.. :D )