Winkabar
A lot of my thoughts...Phobia
- Posted: 8:30:00 PM
- |
- Author: Winkabar
- |
- Filed under: သင်ခဲ့ ကြားခဲ့ရသမျှ
အခုတလော ကြောက်တဲ့အကောင်တွေအကြောင်းရေးကြတော့ အရင်က ကျောင်းမှာ
သင်ခဲ့ဖူးတာသတိရလာတာနဲ့ရေးဖြစ်သွားတာပါ။ Phobia အကြောင်းကိုသိသလောက်ပြန်
ဝေမျှလိုက်ပါတယ်။
Phobia
an exaggerated usually inexplicable and illogical fear of a particular object,
class of objects, or situation
Dictionary ထဲမှာအဓိပ္ပာယ် ဖွင့်ထားတာပါ။ ဆိုလိုတာက အရာဝတ္ထုတစ်ခုခု (သို့) နေရာတစ်ခုခု ကိုနားလည်ရခက်
လောက်အောင်ကြောက်တာပါ။ သဘော ကတော့ကြောက်တာပါပဲ။ ရိုးရိုးကြောက်တာတော့မဟုတ်ဘူး။
ပြင်းပြင်းထန်ထန်အသေအလဲကြောက်တာပါ။ ဥပမာ။ ။ အမြင့်ကြောက်တာတို့၊ အကောင်တစ်ကောင်
ကောင်၊ နေရာတစ်နေရာ ကြောက်တာမျိုးပါ။ မကိုင်ရဲ မမြင်ရဲ မကြားရဲ လောက်အောင်ကို
အလွန်အမင်းကြောက်တာမျိုးပါ။
Phobia စဖြစ်ပုံ
Phobia ကို ဖြစ်တာကတော့အမျိုးမျိုးရှိပါတယ်။ အခြေအနေအမျိုးမျိုးကြောင့်ဖြစ်တာပါ။
အများအားဖြင့်ကတော့ ဖြစ်ရတဲ့အကြောင်းအရင်း (၃) မျိုးရှိပါတယ်။
ပထမတစ်မျိုးကတော့ ငယ်ငယ်တုန်းက တွေ့ကြုံခဲ့ရတဲ့အခြေအနေတစ်ခုကြောင့်ပါ။
ငယ်ငယ်တုန်းက အမြင့်ပေါ်က ပြုတ်ကျဖူးရင် စိတ်ထဲမှာစွဲနေပြီးတော့ ကြီးလာတော့
အမြင့်ကိုကြောက်တာမျိုးပါ။ နောက်တစ်မျိုးကတော့
ဥပမာ။ ။ လူတစ်ယောက်ဆိုရင် သူ့အဖေက သူငယ်ငယ်တုန်းက အပြစ်တစ်ခုလုပ်ခဲ့မိလို့
အမှောင်ခန်းထဲကို အချိန်အတော်ကြာပိတ်ထားပြီးအပြစ်ပေးခဲ့တော့ ကြီးလာတော့
အမှောင်ထဲကို မသွားရဲလောက်အောင်ကြောက်သွားတယ်။ အမှန်တော့သူက
သူ့အဖေကိုကြောက်တာပါ။ အဖေကိုကြောက်ရင်း သွယ်ဝိုက်ပြီးအမှောင်ကိုကြောက်သွားတာမျိုး။
ဒုတိယတစ်မျိုးကတော့ သူများရဲ့အတွေ့အကြုံအရ ကြောက်တာပါ။
ဥပမာ။ ။ အမေက ခွေးကိုကြောက်တယ် ဆိုရင် ကလေးတွေကလည်း အမေခွေးကြောက်တာကို
မြင်ပြီးတော့ သူတို့အမေက ခွေးမြင်လို့ပြေးရင် သူတို့လည်းအဲလိုပဲလိုက်ပြေးပြီးကြောက်သွားရော။
နောက်တစ်ခုကတော့ ကိုယ့်ပတ်ဝန်းကျင်က လူတစ်ယောက်က ခွေးကိုက်ခံရဖူးပြီး ဆေးထိုးတာတို့
ဘာတို့မြင်လိုက်ရတဲ့လူကလည်း သူများအတွေ့အကြုံကြောင့်ခွေးကိုကြောက်သွားပြန်ရော။
နောက်တစ်မျိုးကတော့ကိုယ့်အတွေ့အကြုံကြောင့်ကြောက်တာပါ။
ဥပမာ။ ။ ကိုယ်ကခွေးကိုက်ခံရဖူးရင် ခွေးကိုကြောက်မယ်။ ရေနစ်ခဲ့ဖူးရင်
ရေကိုကြောက်မယ်။ ဒါမျိုးတွေပါ။
ကုသနည်း
ဒီရောဂါကိုကုလို့ရလားဆိုတော့ရပါတယ်။ စိတ်ရောဂါကု သလိုမျိုးပေါ့။
ဖြည်းဖြည်းချင်း နည်းနည်းနည်းနည်းနဲ့ကုသွားရတာပါ။ အဓိက ကတော့သူ့ဒီ Phobia ကိုဘယ်က
နေစဖြစ်လဲဆိုတာကိုသိရင်တော့ ကုလို့ရပါတယ်။ ပထမအမျိုးအစားလား (သွယ်ဝိုက်ပြီးကြောက်တာလား)
ဒါမှမဟုတ် ဒုတိယနဲ့တတိယအမျိုးအစားလား (တိုက်ရိုက် မြင်တွေ့ပြီးတော့ကြောက်တာလား)
ဆိုတာကိုခွဲခြားနိုင်ရင်တော့ရပါပြီ။
ပထမတစ်မျိုးကတော့ အမှောင်ကိုတကယ်မကြောက်ပဲ အဖေကိုသွယ်ဝိုက်ပြီးကြောက်နေတာ
ဆိုတော့ သူ့ကိုကုရင် ဆရာဝန်တွေက အဖေနဲ့ပူးပေါင်းပြီးတော့ လူနာကို သူသွယ်ဝိုက်ပြီး
ကြောက်နေတဲ့အရာကို ယဉ်လာအောင် မကြောက်တော့အောင်လုပ်ပြီးတော့ကုပါတယ်။ အဖေ
ကိုမကြောက်တော့ရင် အမှောင်ကိုလည်း ကြောက်ဖို့ကိန်းမရှိတော့ပါဘူး။
ဒုတိယအမျိုးအစားနဲ့တတိယအမျိုးအစားကိုတော့ သူကြောက်တဲ့အရာနဲ့ပဲတိုက်ရိုက်ကုပါတယ်။
ဥပမာ။ ။ အမှောင်ကြောက်တဲ့လူတွေကိုဆိုရင် ပထမဆုံး အမှောင်နဲ့ ၁ပေအကွာမှာထားတယ်။
နောက်၂ပေ နောက်၃ပေ ဒီလိုနဲ့တဖြည်းဖြည်း တိုးသွားပြီးလူနာကို အမှောင်ထဲမှာနေခိုင်းပါတယ်။
ဒီတော့ သူ့ရဲ့အမှောင်ကြောက်တဲ့စိတ်က ဖြည်းဖြည်းချင်းလျှော့သွားပြီး နောက်ဆုံးမှာတော့
အမှောင်ထဲမှာလုံးဝနေနိုင်သွားပါတယ်။ အမြင့်ကြောက်တဲ့လူ (သို့) ခွေးကြောက်တဲ့လူတွေဆိုလည်း
ထိုနည်းလည်းကောင်းပါပဲ။ အမြင့်အထက် ၁ထက်မှာနေကြည့် ဒုတိယထပ်မှာနေကြည့်
ပြီးရင် တဖြည်းဖြည်းတက်သွားရင် နောက်ဆုံးကျရင်တော့ သူ့ရဲ့ကြောက်စိတ်တွေအားလုံး
ပျောက်သွားပါတယ်။
Phobia ရှိသူများအားလုံး ရောဂါများပျောက်ကင်းပြီး နေ့စဉ်လုပ်ငန်းများကို အခက်အခဲ
မရှိဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
မျက်လုံးနှင့်သူ၏အစိတ်အပိုင်းများ
- Posted: 7:00:00 PM
- |
- Author: Winkabar
- |
- Filed under: သင်ခဲ့ ကြားခဲ့ရသမျှ
မျက်လုံးဟာဆိုရင်ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးထဲမှာ
အနူးညံ့ဆုံးလောက်နေပါတယ်။ မျက်စိထဲကို အဖတ်သေးသေးလေး ၀င်တာကအစ
မခံမရပ်နိုင်လောက်အောင် ဆိုးပါတယ်။ ဒီလိုအမှိုက်တွေ ဘာတွေဝင်ရင်လည်း
လက်နဲ့သိပ်ပွတ်လို့မရဘဲ ရေနဲ့ပဲဆေးရပါတယ်။ ဒါကတော့လူတိုင်းသိပြီးသားပါ။
ဒီလိုနူးညံ့ပြီး ညင်ညင်သာသာကိုင်တွယ်ရတဲ့ မျက်လုံးကိုဖွဲ့စည်းထားတဲ့အစိတ်အပိုင်း
တွေက အင်မတန်မှစိတ်ဝင်စားဖွယ်ကောင်းလို့ ဖော်ပြပေးလိုက်ပါတယ်။
1) Conjunctiva
မျက်လုံးရဲ့အပေါ်ယံအလွှာ
မျက်ခွံကိုဝိုင်းရံထားပြီး မျက်လုံးရဲ့ ၆ပုံ ၅ပုံကိုဖုံးထားပါတယ်။
2) Cornea
မျက်လုံးရဲ့ကျန်တဲ့ ၆ပုံ၁ပုံကိုဖုံးထားပြီး ထိုနေရာကနေမျက်စိထဲသို့အလင်းဝင်ရောက်ပါတယ်။
3) Pupil
သူငယ်အိမ်
မျက်လုံးရဲ့ အလယ်တည့်တည့်ကအမဲရောင် အပိုင်းဖြစ်ပြီး အလင်းဝင်ရောက်ခြင်းကိုထိန်းညှိပေးပါတယ်။
အမှောင်ထဲရောက်ရင် ကျယ်လာပြီး အလင်းထဲရောက်လျှင်ကျုံ့သွားပါတယ်။ ဒီအမဲလုံးဟာဆိုရင်အမြဲဝိုင်းနေရပါမယ်။
ပုံပျက်နေရင် (မ၀ိုင်းတော့ရင်) ဆေးတစ်ခုခုသို့ရောဂါတစ်မျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ပုံသဏ္ဍာန်မမှန်လျှင်
ဆရာဝန်နှင့် ပြသသင့်ပါတယ်။
4) Iris
မျက်လုံးရဲ့ရောင်ခြယ်အပိုင်းပါ။ ဒီနေရာပေါ်မူတည်ပြီး မျက်လုံးအရောင်ထွက်လာတာပါ။ Iris ကမဲလျှင်မျက်လုံးအမဲ၊ Iris
ပြာလျှင်မျက်လုံးအပြာ။ Iris ကဖြူနေရင်တော့ မျက်လုံးကအရောင်မရှိဘူးပေါ့။
(ဥပမာ။ ။ ဘိုဖြူလိုမျိုး)
5) Crystalline Lens
သူငယ်အိမ်( Pupil ) ရဲ့အနောက်က ဂျယ်လီလို အရာဝတ္ထုပါ။ အမြဲကြည်လင်နေရပါမယ်။
အရောင်က ဖြူပိတ်ပိတ်ဖြစ်လာရင်တော့ တိမ်ရောဂါဖြစ်လာပါတယ်။
6) Aqueous Humor
Aqueous= ရေ ၊ Humor= အရည် ရေနှင့်တူသောအရည်တစ်မျိုးပေါ့။ Cornea နဲ့ Lens ကြားမှာရှိပါတယ်။
မျက်လုံးရဲ့ဖိအားကို ထိုအရည်မှရပါတယ်။
7) Vitreous Humor
Vitreous= ထူသော ။ မျက်လုံးတစ်ခုလုံးရဲ့လွတ်နေသောနေရာများကိုဖြည့်ပြီး မျက်စိရဲ့ ပုံသဏ္ဍာန်ကိုဖြစ်စေပါတယ်။
8) Retina
ဒါကတော့ ကင်မရာ က ဖလင် နဲ့အတူတူပါပဲ။ မျက်လုံးမှာပုံရိပ်တွေပေါ်ဖို့အတွက် ပုံဖမ်းကိရိယာပါ။
မျက်လုံးက အာရုံကြောဆဲလ်တွေ တည်ရှိတဲ့နေရာပါ။ ပတ်ဝန်းကျင်ကပုံရိပ်တွေ ကဒီ retina
ပေါ်ရောက်မှ မျက်လုံးကနေမြင်ရမှာပါ။
i) Rods
Retina ပေါ်မှာရှိတဲ့ အချောင်းပုံသဏ္ဍာန် ဆဲလ်ဖြစ်ပါတယ်။ ညဘက် အမြင်အာရုံနဲ့ဆက်စပ်နေပါတယ်။
အရောင်ကိုတော့မြင်နိုင်စွမ်းမရှိပါဘူး။ ဒီဆဲလ်တွေမှာ ရှိတဲ့ rhodopsin အားကောင်းလျှင် ညဘက်ကောင်း
ကောင်းမြင်ရပါတယ်။ Rhodopsin အားကောင်းဖို့ ဗီတာမင်အေရှိတဲ့အစားအစာ
(ဥပမာ။ ။ မုန်လာဥနီ) ကိုစားပေးရပါတယ်။
ii) Cones
Retina မှာရှိတဲ့ နောက်ဆဲလ်တစ်မျိုးပါ။ ကတော့ပုံစံရှိပါတယ်။ အရောင်တွေကိုမြင်ရအောင်စွမ်းဆောင်ပေးပါတယ်။
အချောင်းပုံဆဲလ် (rods) တွေထက်တော့ အရေအတွက်နည်းပါတယ်။
9) Fovea (centralis)
Retina အလယ်တည့်တည့်နီးပါး မှာရှိပြီး အမြင်အကြည်လင်ဆုံးအပိုင်းဖြစ်ပါတယ်။
10) Blindspot
Retina ပေါ်ကအမှတ်တစ်ခု မှာ Retina က အာရုံကြောအားလုံးစုပြီး optic nerve ဖြစ်လာတဲ့
အမှတ်တစ်ခုရှိပါတယ်။ အဲဒီအမှတ်ပေါ်မှာ ဘာမှမမြင်ရပါဘူး။ ဒီအမှတ်ကို Blindspot လို့ခေါ်ပါတယ်။
ကားမောင်းလျှင် သတိထားပြီး ဘေးမှန် အရှေ့မှန် အားလုံးကြည့်ပြီး
ဒါမှမဟုတ် နောက်လှည့်ကြည့်ပြီးမှ လမ်းပြောင်းရပါတယ်။
တစ်ခါတစ်လေ ကျရင် ကားက ဒီ blindspot ပေါ်ရောက်နေရင် မမြင်ရဘဲ
ယာဉ်တိုက်မှု ဖြစ်နိုင်ပါတယ်။
Blindspot ကိုစမ်းသပ်နည်း
ဘယ်ဘက်မျက်စိကိုဘယ်လက်ဖြင့်ပိတ်ထားပြီး အရှေ့တည့်တည့်ကိုစူးစိုက်ပြီးကြည့်ပါ။
မျက်စိကိုတသမတ်တည်းထားပါ။ ပြီးလျှင် ညာဘက်လက်ညှိုးကို မျက်စိရဲ့ တစ်ထွာအကွာလောက်
ကနေပြီးတော့ ညာကနေဘယ်ကိုရွေ့သွားပါ။ မျက်စိကိုအရှေ့တည့်တည့်ပဲစိုက်ကြည့်နေပါ။
တစ်နေရာရောက်လျှင် လက်ညှိုးထိပ်ပြတ်သွားတာကိုတွေ့ရပါလိမ့်မယ်။ ဖြူဖြူကြီးဖြစ်နေတာကိုပေါ့။
အဲနေရာကိုကြည့်လိုက်ရင်တော့ ပြန်ပေါ်လာပါတယ်။ ဒီလိုဖြစ်ရတာဟာ လက်ညှိုးထိပ်ရဲ့ပုံရိပ်က blindspot
ပေါ်ကိုရောက်သွားလို့ပါ။
11) Sclera
မျက်လုံးရဲ့ အဖြူရောင်အပိုင်းပါ။ မျက်လုံးက လူ့ရဲ့ပြတင်းပေါက်လိုပါပဲ။ ဒီအဖြူအပိုင်းဟာ
မဖြူဘဲ အရောင်တစ်မျိုးမျိုးပြောင်းနေရင် ( ဥပမာ။ ။ ၀ါနေရင်) ဒီလူဟာ ရောဂါတစ်ခုခုဖြစ်နေတယ်
( သို့) နေမကောင်းဖြစ်နေတယ်ဆိုတာသိနိုင်ပါတယ်။
12) Color Blindness
ဒါကတော့ တစ်ချို့လူတွေမှာဖြစ်တာပါ။ အရောင်တစ်မျိုးမျိုးကိုမမြင်ရတာပါ။ ယောကျာ်းလေးတွေ
မှာအဖြစ်များပါတယ်။
မျက်လုံးကို အရောင်မြင်ရတဲ့အပေါ်မူတည်ပြီး မြင်ကွင်း ၃မျိုးခွဲထားပါတယ်။
i) Trichromatic color vision
ဒီအမျိုးအစားက အရောင်သုံးတွဲစလုံးကိုမြင်ရပါတယ်။
အရောင်အတွဲ: အနီ-အစိမ်း
အ၀ါ-အပြာ နဲ့
အမဲ-အဖြူ တို့ပဲဖြစ်ပါတယ်။
တခြားအရောင်တွေကတော့ ဒီသုံးတွဲကိုပေါင်းစပ်ပြီးတော့မြင်ရတာပါ။
ii) Dichromatic
ဒီအမျိုးအစားမကတော့ အနီ-အစိမ်း (သို့) အ၀ါ-အပြာ ကိုမမြင်ရပါဘူး။
iii) Monochromatic
အဖြူ-အမဲကိုသာမြင်ရပြီး အနီ-အစိမ်း နဲ့ အ၀ါ-အပြာ နှစ်တွဲစလုံးကိုမမြင်ရပါဘူး။
ဒါကတော့ ဖြစ်ခဲပါတယ်။
ဒီပုံမှာ 12 ကိုမြင်ရပါသလား။
ဒီပုံမှာကတော့ x တစ်ခုကနေတစ်ခုကိုဆက်ထားတဲ့မျဉ်းဖြောင့်တစ်ကြောင်းကိုမြင်ရပါသလား။
ဒီပုံကိုကြည့်လျှင် သာမန်လူဆိုလျှင် ပထမပုံအတိုင်းမြင်ပြီး အစိမ်း color blind လူကတော့
ဒုတိယပုံအတိုင်းမြင်ရပါတယ်။
Breast Cancer
- Posted: 8:30:00 PM
- |
- Author: Winkabar
- |
- Filed under: ပွဲလမ်းသဘင်, သင်ခဲ့ ကြားခဲ့ရသမျှ
အောက်တိုဘာလဟာရင်သားကင်ဆာတိုက်ဖျက်ရေးလပေါ့။
ဒီလမှာဆိုဆိုင်တွေတော်တော်များများက အပန်းရောင်တွေနဲ့
အလှဆင်ထားကြတယ်။
အပန်းက ဒီလရဲ့သင်္ကေတကိုး။ လှမှလှပဲ။
အလုပ်သမားတွေကလည်း အပန်းရောင်ဖဲပြားလေးတွေရင်ဘတ်မှာ
ထိုးထားကြတယ်။ ဒီလရဲ့အထိမ်းအမှတ်အနေနဲ့ ရင်သားကင်ဆာ
အကြောင်းကို လက်လှမ်းမှီသမျှတင်ပြလိုက်ပါတယ်။
ကင်ဆာစဖြစ်ပုံ
-------------------
ကင်ဆာဟာခန္ဒာကိုယ်ထဲကဆဲလ်တွေအထိန်းအကွပ်မရှိဘဲ
ပွားများလာရာကနေဖြစ်လာတာပါ။
ဆဲလ်တွေဟာအများအားဖြင့်လိုအပ်သောအခါမှ ပွားကြတာပါ။
ဆဲလ်အသစ်တွေရတဲ့အခါကျတော့
ဆဲလ်ဟောင်းတွေကသေပြီးဆဲလ်အသစ်တွေက
အဟောင်းနေရာမှာအစားထိုးလိုက်တာပါ။ ကင်ဆာဖြစ်တဲ့အခါကျတော့
ဆဲလ်အဟောင်းတွေကလည်းမသေ၊ အသစ်တွေကလည်းများဖြစ်လာပြီးတော့
ခန္ဒာကိုယ်ထဲမှာမလိုအပ်တဲ့တစ်သျှူးအစုအဝေးကြီးဖြစ်လာပါတယ်။
အဲဒီအစုအဝေးကို Tumors လို့ခေါ်ပါတယ်။
Tumors နှစ်မျိုးရှိပါတယ်။ Benign နဲ့Malignant ။
နံပါတ်(၁) အမျိုးအစား က ကင်ဆာမဖြစ်နိုင်ပါဘူး။
ခွဲစိတ်ကုသလျှင်ထုတ်နိုင်ပြီးတော့ ထပ်လည်းမဖြစ်နိုင်ပါဘူး။
တခြားအစိတ်အပိုင်းတွေကိုမပျံ့နိုင်သလိုဒုက္ခလည်းမပေးပါဘူး။
နံပါတ် (၂) ဖြစ်တဲ့ Malignant ကတော့ကင်ဆာဖြစ်နိုင်ပါတယ်။
ခွဲပြီးထုတ်နိုင်ပေမယ့် ထပ်ဖြစ်နိုင်တဲ့အလားအလာတွေရှိပါတယ်။
သူ့ဘေးပတ် ၀န်းကျင်မှာရှိတဲ့ဆဲလ်တွေအင်္ဂါတွေကိုလည်းပျံ့နှံ့နိုင်ပြီးတော့ဒုက္ခပေးနိုင်ပါတယ်။ ကင်ဆာတွေဟာခန္ဒာကိုယ်အစိတ်အပိုင်းတွေကိုမူတည်ပြီးနာမည်ပေးလေ့ရှိတဲ့အတွက်
ရင်သားကင်ဆာဟာလည်းရင်သားမှာရှိတဲ့ဆဲလ်တွေ ရောဂါဖြစ်တာကိုပြောတာပါ။ အဲလိုဆဲလ်တွေကတခြားနေရာတွေကိုပျံ့သွားတဲ့အခါမှာလည်းရင်သားကင်ဆာ
လို့ပဲခေါ်ပါတယ်။တစ်နည်းအားဖြင့်အရိုးကိုပျံ့သွားသော်လည်း
အရိုးကင်ဆာမဖြစ်သွားပါ။ ရင်သားကင်ဆာသာဖြစ်ဆဲပါ။ အပျံ့နိုင်ဆုံးနေရာတွေကတော့
အရိုး၊အသည်းနဲ့ဦးနှောက်တို့ပဲဖြစ်ပါတယ်။
ဘယ်သူတွေမှာအဖြစ်များလဲ
------------------------------
၁) အသက်ကြီးသောအမျိုးသမီးများတွင်ပိုဖြစ်တတ်ပါသည်။ (အသက်၆၀တွင်အဖြစ်များ)
၂) အရင်ကဖြစ်ဖူးသူများ (ရင်သားတစ်ဖက်တွင်ဖြစ်ဖူးပါက နောက်တစ်ဖက်လည်းဖြစ်နိုင်ချေရှိသည်)
၃) မျိုးရိုးလိုက်နိုင်သည် (အမေ၊အစ်မ၊သမီးစသည်ဖြင့်မိမိမျိုးရိုးထဲတွင်ဖြစ်ဖူးပါက)
၎) အသက်ကြီးမှကလေးယူသူများ
၅) အသက်(၁၂)အောက်တွင်စရအပျိုဖော်ဝင်သူများ
၆) အသက်(၅၅)ကျော်မှသွေးဆုံးသူများ
၇) ကလေးမမွေးသောအမျိုးသမီးများ
၈) အ၀လွန်သူများ နှင့်
၉) ဆေးလိပ်သောက်သူများ ( ဆေးလိပ်အငွေ့အရှူများသူများပါအပါအ၀င်) တို့ဖြစ်ပါတယ်။
***ရင်သားကင်ဆာဟာမကူးစက်နိုင်ပါဘူး***
ရောဂါလက္ခဏာများ
--------------------
* ရင်သားနှင့်ချိုင်းကြားတွင် အဖုအကျိတ်များတွေ့ခြင်း နှင့်
ရင်သားပုံမမှန်ဖြစ်ခြင်း၊ နီရဲလာခြင်း
* ရင်သားအရေပြား လိမ္မော်သီးအခွံကဲ့သို့တွန့်လာခြင်း
* ရင်သားရောင်လာမယ်
* ရင်သားအရွယ်ကြီးလာခြင်း
* ရင်သားထိပ်သီး အထဲဝင်သွားခြင်း
ကာကွယ်ရန်နည်းလမ်းများ
----------------------------
ကိုယ်တိုင်စစ်ဆေးခြင်း
+++++++++++++
မိမိရင်သားအားမိမိစစ်ဆေးနိုင်ပါတယ်။ အဖုအကျိတ်များရှိမရှိ၊ ပုံပြောင်းခြင်းရှိမရှိ တစ်ပတ်တစ်ခါပဲဖြစ်ဖြစ်
ရေချိုးတိုင်းစစ်ဆေးနိုင်ပါတယ်။
ဆရာဝန်နှင့်စစ်ဆေးခြင်း
++++++++++++++
၁) အသက်(၄၀) ကျော်အမျိုးသမီးတွေဟာ ၁နှစ်(သို့) ၂နှစ်
(၁) ကြိမ်ဆရာဝန်နဲ့စစ်ဆေးသင့်ပါတယ်။
၂) အသက်(၄၀) အောက်အမျိုးသမီးများကတော့ ဆရာဝန်နှင့်တိုင်ပင်ပြီး
မည့်သည်အချိန်စစ်ဆေးရမည်ကိုမေးမြန်းသင့်ပါတယ်။
"ကြိုတင်ကာကွယ်ခြင်းဟာကုသခြင်းထက်ပိုပြီးထိရောက်တယ်" ဆိုတဲ့စကားအတိုင်း
ဖြစ်မှသိတာထက်စာရင်ကြိုတင်သိနိုင်ပြီးရင်သားကင်ဆာရောဂါကိုကာကွယ်နိုင်ရန်
ရည်ရွယ်၍ရေးသားလိုက်ပါတယ်။ ရင်သားကင်ဆာတိုက်ဖျက်ရေးလအထိမ်းအမှတ်အနေနဲ့
ဤပို့စ်ဖြင့် ရင်သားကင်ဆာတိုက်ဖျက်နေကြသူများအား ဂုဏ်ပြုအားပေးလိုက်ပါတယ်။
Links: http://www.medicinenet.com/cancer_prevention/article.htm
: http://en.wikipedia.org/wiki/Pink_for_October
: http://pinkforoctober.org/downloads/
: Download treatment book
:http://images.google.com/images?hl=en&q=breast+cancer+month&um=1&ie=UTF-8&sa=N&tab=wi
နိုဘယ်ဆုရှင် Marie Curie
- Posted: 12:41:00 AM
- |
- Author: Winkabar
- |
- Filed under: သင်ခဲ့ ကြားခဲ့ရသမျှ
ကျောင်းမှာ BIO အတန်းက သိပ္ပံနယ်ပယ်မှာ နိုဘယ် ဆုရရှိတဲ့သူတစ်ယောက်ရဲ့အကြောင်းကို ရှာခိုင်းတယ်။ နောက်နှစ်ပတ်လောက်နေရင် Presentation ပြောရမှာလေ။ အဲဒါနဲ့ Marie Curie ဆိုတဲ့ နိုဘယ်ဆုရှင် ကိုသွားတွေ့တယ်။ သူက ပထမဆုံးဆုရတဲ့အမျိုးသမီးဆိုတာနဲ့သူ့ကိုပဲရွေးလိုက်တယ်။
သူမ ကို ပိုလန်နိုင်ငံ ရဲ့ မြို့တော် Warsaw မှာ ၁၈၉၇ နိုဝင်ဘာလ (၉)ရက်နေ့မှာမွေးတယ်။
မွေးချင်း (၅)ယောက်ထဲမှာအငယ်ဆုံး။
နာမည်အပြည့်အစုံကတော့ Maria Sklodowska-Curie ။
၁၅ နှစ်မှာ အထက်တန်းအောင်တယ်။
တော်ချက်များတော့ ကမ်းကုန်ပါပဲ။
စစချင်းPhysics မှာဆုရတယ်။ နောက် Chemistry မှာထပ်ရသေးတယ်။
သူက နိုဘယ် ဆုကို နယ်ပယ်နှစ်ခုမှာရတဲ့ပထမဦးဆုံးအမျိုးသမီး။
သူက သူ့ယောကျာ်းနဲ့အတူတူ သုတေသနလုပ်ရင်းနဲ့ ဆုရတာလေ။
လင်မယားနှစ်ယောက်တက်ညီလက်ညီပေါ့။
ဒါတင်မက သေးဘူး သူတို့ရဲ့သမီးကလည်း နိုဘယ် ဆုရှင်ပါပဲ။
သူကဘာလို့အဲလောက်တောင်တော်ရတာလဲ။
ရှေးခေတ်တုန်းကမလို့လားတော့မသိဘူး။
ရှေးခေတ်တုန်းက ဆိုတော့ အခုခေတ်လိုအားလုံးက
စူးစမ်းရှာဖွေလေ့လာနေတာ မဟုတ်တော့ လွယ်တယ်ထင်တယ်။
လေ့လာတဲ့လူတွေက ဆုတွေရသွားကြတယ်။
နာမည်ကြီးလာကြတယ်။ ဒါပေမဲ့တော့မဆိုင်ပါဘူး။
သူကြိုးစားလို့သူနာမည်ကြီးတာပဲနေမှာပါ။
ဘာပဲပြောပြော အရင်ခေတ်တုန်းကတော့ အခုလောက်ကြိုးစားရမှာမဟုတ်ဘူး။
အခုခေတ်က လူတော်တွေအင်မတန်မှပေါတဲ့ခေတ်ကြီး။
ကိုယ်က သူတို့ကိုကျော်ဖို့မပြောနဲ့ရင်ဘောင်တန်းနိုင်ဖို့နဲ့
သူတို့အောက်မကျဖို့တောင်အင်မတန်ကြိုးစားနေရတယ်။
လူတွေကဘာလို့အရမ်းတော်လာကြတာလဲ။
သားသမီးတွေကက အဖေအမေထက်ပိုတော်တယ် ဆိုသလိုမျိုး
မျိုးဆက်များလာတာနဲ့အမျှ ဉာဏ်တွေလည်းပိုထက်လာကြတာနဲ့တူတယ်။။
သူများနိုင်ငံကလူတွေတော်တာတွေ့ရင်
မြန်မာနိုင်ငံကနေပြီးတော့ဆုတွေထပ်ရစေချင်စေချင်လိုက်တာ။
အဲလိုနာမည်ကြီးစေချင်လိုက်တာ။ ကိုယ့်နိုင်ငံဆိုပြီးကြွားချင်လိုက်ချင်တယ်။။
တို့နိုင်ငံကလူတွေ အရည်အချင်းတွေထုတ်ပြနိုင်ပြီး ဒီထက်ပိုတော်ကြပါစေ။
Read Smart
- Posted: 11:53:00 PM
- |
- Author: Winkabar
- |
- Filed under: သင်ခဲ့ ကြားခဲ့ရသမျှ
ဒီနေ့ကျောင်းမှာစာသင်ရင်းနဲ့ဆရာမက "Read Smart" (ဉာဏ်နှင့်ယှဉ်၍စာဖတ်ပါ)
ဆိုတဲ့အကြောင်းပြောပြတယ်။
ပြီးတော့ ဗေဒင်ကိုဥပမာပေးတယ်။
လူတွေက ဗေဒင်ဖတ်ရင် တစ်ချို့တွေက အရမ်းယုံတတ်ကြတယ်တဲ့။
ဥပမာ။ ။ ဗေဒင်က ဒီနေ့ပိုက်ဆံကောက်ရတတ်တယ် လို့ရေးထားရင်
အဲဒီလူက သူသွားတဲ့လမ်းတစ်လျှေက်လုံးပိုက်ဆံရှာတော့တာပဲတဲ့။
ရှာရင်းရှာရင်းနဲ့ ပိုက်ဆံတော့ တွေ့ပါရဲ့။ တွေ့တာကဆယ်ပြားလောက်ပဲတဲ့။
အဲတော့ သူကဒီလိုတွေးတယ် "သြော်... ဗေဒင်ကငါ့ကိုပိုက်ဆံကောက်ရမယ်လို့ပဲပြောတာ။ နည်းမယ်များမယ်မှမပြောတာ။ ဒီတော့ဒီဗေဒင်မှန်ပါတယ်"ဆိုပြီးကောက်ချက်ချလိုက်ရောတဲ့။
စဉ်းစားကြည့်တဲ့ ကမ္ဘာပေါ်မှာ ဒီနေ့ ဒီလ ဒီရာသီ ဖွားတွေအများကြီးရှိတာတဲ့။
အကုန်လုံးက ဒီတစ်ခုတည်းဖြစ်မယ်ဆိုဘယ် ယုတ္တိရှိမလဲတဲ့။တ
စ်ဦးတစ်ယောက်ချင်းစီအတွက်ဘယ်မှန်နိုင်မှာလဲတဲ့။
သဘာဝကျလိုက်တဲ့စကား။
ပြီးတော့ ချမ်းသာအောင်ဘယ်လိုလုပ်ရမလဲ ဆိုတဲ့စာအုပ်တွေကော အကယ်၍များအဲဒီထဲကအတိုင်းလုပ်လို့ချမ်းသာမယ်ဆိုရင်
စာအုပ်ဖတ်တဲ့လူတိုင်းကချမ်းသာကုန်ပြီပေါ့တဲ့။
ဒါကြောင့်ဘာပဲဖတ်ဖတ် ဉာဏ်နဲ့ဖတ်ပါတဲ့။ မှန်မမှန် စဉ်းစားဆုံးဖြတ်ပြီးမှယုံပါတဲ့။
တစ်ခါတစ်လေကျရင် ဒီအချက်တွေကမမှန်ဘူးဆိုတာ သိတော့သိနေတယ်။
ဒါပေမဲ့အမှုမဲ့အမှတ်မဲ့ဘဲယုံလိုက်မိကြတာ များနေတယ်။
စာအုပ်တွေက အများအတွက်ချုံငုံပြီးရေးတာဆိုပေမယ့် တကယ်ဖတ်တဲ့အခါကျတော့
ကိုယ်တစ်ယောက်တည်းဖတ်ရတော့ကိုယ့်အတွက်သီးသန့်ရေးထားသလိုဖြစ်နေတာကို
ဝင်္ကပါတို့ကမစဉ်းစားမိကြဘူး။
ဒါတော့ဒါပေါ့။ သူကစိတ်ရောဂါပညာသင်တဲ့ဆရာမဆိုတော့
သူကဒီရှုထောင့်ကနေပဲကြည့်တာပေါ့နော်။
ကိုယ်ကတော့ သူနဲ့လုံးဝကြီးသဘောတူချင်မှတူမယ်။
ဒါပေမဲ့သူပြောတဲ့ ဉာဏ်ကိုအသုံးချပြီးစာဖတ်တာကိုတော့လုံးဝထောက်ခံပါတယ်။
ဒါကြောင့် အားလုံးပဲ "Read Smart"။
စာဖတ်ခြင်းဖြင့် ဉာဏ်ရည်ထက်မြက်ပြီးပျော်ရွှင်မှုတွေတိုးပွားနိုင်ပါစေ။
Lemon Twist Blogger Template is an extremely beautiful blogger template created by JackBook.Com based on Lemon Twist Wordpress themes by farfromfearless.com. You can edit this words into your own.