Winkabar

A lot of my thoughts...

မိုးရာသီ သီချင်းများ

အခုမိုးရာသီကုန်တော့မှာဆိုတော့မိုးရာသီကိုနှုတ်ဆက်တဲ့အနေနဲ့
"မိုး"သီချင်း တွေတင်လိုက်ပါတယ်။
မိုးရွာရင် ရန်ကုန် မှာဆိုကွေးလို့ကောင်းမှကောင်း။
ဒီမှာတော့ကွေးဖို့ မိုးလည်းမရှိဘူး။ အချိန်လည်းမရှိဘူး။
မိုးရွာရင် တစ်ခုခုကိုလွမ်းသလိုပဲ ဘာလွမ်းလဲတော့မသိဘူး။
ဝင်္ကပါ့လိုပဲ ဒီသီချင်းတွေကလည်း လွမ်းထားတယ်။
အကုန်နီးပါး အလွမ်းသီချင်းတွေပဲ။ နားထောင်လိုက်ပါဦး။
ကြားဖူးသားတွေပါ။

၁) အခါလွန်မိုး - ဇော်ပိုင်
၂) မိုးနဲ့အတူငိုနေမယ် - မေစံပယ်ညို + မိုးမိုး
၃) မိုး - Rဇာနည် + ကျော်သူစိုး
၎) မိမိုးကို - အဲလက်စ်
၅) မိုးကပြောတဲ့အလွမ်းဇာတ်လမ်း - ချောစုခင်
၆) မိုးရာသီထဲ - Lဆိုင်းဇီ
၇) မေဦးမိုး - NO
၈) မိုးသီချင်း - NO
၉) မိုးပြေး - ခင်ဘုဏ်း
၁၀)ရင်တကိုယ်မိုး - ဖြိုးကြီး

မြန်မာဂီတလောက

ဟိုးတစ်နေ့ကသီချင်းတွေနားထောင်ရင်းတစ်ခုစဉ်းစားမိတယ်။

ငါတို့နိုင်ငံက အဆိုတော်တွေကအသံအရမ်းကောင်းကြတာပဲလို့။
ကိုယ်ကြိုက်တဲ့အဆိုတော်ပဲဖြစ်ဖြစ်၊မကြိုက်တဲ့အဆိုတော်ပဲဖြစ်ဖြစ် အကုန်နီးပါးအသံကောင်းကြတယ်။
ဘာပဲဖြစ်ဖြစ်မြန်မာအနုပညာလောက(ရုပ်ရှင်နှင့်ဂီတလောကကိုသာဆိုလိုသည်)နဲ့
ပတ်သက်ပြီးတော့ဒီတစ်ခုတော့ဂုဏ်ယူစရာရှိတာပေါ့နော်။

ဒါပေမဲ့ တို့နိုင်ငံက သီချင်းတွေကိုနိုင်ငံခြားသားတွေကိုဂုဏ်ယူဝင့်ကြွားစွာနဲ့မဖွင့်ပြရဲဘူး။
အထင်သေးသွားမှာစိုးလို့။
ဘာလို့လဲဆိုတော့သီချင်းတော်တော်များများက နိုင်ငံခြားကတီးလုံးတွေကိုကော်ပီကူးထားလို့။

မြန်မာတေးရေးဆရာတွေကအရည်အချင်းမရှိကြတာလည်းမဟုတ်ဘဲနဲ့
သူများသီချင်းတွေကိုဘာလို့ကော်ပီကူးချင်ကြတာလဲ။
ကိုယ်ပိုင်သံစဉ်တွေများများရေးရင်လူတွေအားမပေးမှာကြောက်လို့လား။
ပရိသတ်မကြိုက်မှာစိုးလို့လား။အဲဒါတွေကိုကြောက်ပြီးမရေးရဲတာလား။မကြောက်ပါနဲ့။ ကိုယ့်မှာရှိတဲ့အရည်အချင်းတွေကိုထုတ်ပြလိုက်ပါ။
ဒါဆိုရင်ပရိတ်သတ်တွေကပိုလို့တောင်အားပေးဦးမယ်။

နိုင်ငံခြားရောက်မြန်မာတွေက နိုင်ငံခြားသားတွေကို တို့နိုင်ငံက သီချင်းတွေဖွင့်ပြချင်တယ်။
မြန်မာဂီတနဲ့ပတ်သက်ပြီးတော့ ဂုဏ်ယူချင်ပါတယ်။
နိုင်ငံခြားသားတွေကိုလည်းတို့တိုင်းပြည်ကအဆိုတော်တွေ
ဘယ်လောက်အဆိုကောင်းလည်းဆိုပြီးကြွားချင်တယ်။
မြန်မာဂီတလောက အဆိုတော်၊ တေးရေးဆရာများကြိုးစားကြပါ။
ဂုဏ်ယူပါရစေ။

Recent Posts-

Flickr Photostrem-

100_3495 100_3492 100_3475 100_3491 100_3493 100_3486 100_3541 100_3605 100_3814 100_3365 100_3519 100_3224 100_3649 100_3800 100_3412 100_3559 100_3425 100_3567