Winkabar

A lot of my thoughts...

ထီ (၂)

“ကဲအားလုံးပဲ မြန်မြန်လက်စသတ်လိုက်ရအောင်.. အချိန်တောင်တော်တော်နှောင်းနေပြီ.. Bill မင်းက Hutchinsonကိုယ်စားဝင်ပြိုင်တာနော်.. မင်းအိမ်မှာဘယ်သူတွေရှိသေးလဲ..”
ဟုမစ္စတာ စမ်းမားစ်ကမေးလိုက်သောအခါ Mrs.Hutchinson က

“Don နဲ့ Eva တို့ရှိသေးတယ်.. သူတို့ကိုလည်းခေါ်လိုက်ပါ..”
ဟုအော်လိုက်သည်။ “သမီးတွေက သူတို့ခင်ပွန်းတွေဘက်ပါသွားပြီလေ.. ဒါကိုခင်ဗျား သူများတွေထက်ပိုသိပါတယ်.. ”

ဟုမစ္စတာ စမ်းမားစ်ကပြောသော် Mrs.Hutchinson က

“ဒါမတရားတာပဲ.. ” ဟုပြန်လည်ချေပပြန်သည်။

မစ္စတာ စမ်းမားစ်၏ အမေးကို Bill က
“မကျန်တော့ဘူးထင်တယ်.. ငါတို့အိမ်မှာက ကလေးတွေပဲရှိတော့တယ်.. ”

“ကလေးဘယ်နှစ်ယောက်လဲ.. ”

“ သုံးယောက်ပါ.. Bill Jr., Nancy, နဲ့ Dave လေးတို့ပါ.. ”

“ကောင်းပြီလေ.. Harry မင်းမှာ မဲလိပ်တွေရှိသေးလား..”
Harryက မဲလိပ်များကိုရှိကြောင်းထောင်ပြသောအခါ မစ္စတာ စမ်းမားစ်က

“သေတ္တာထဲကိုထည့်လိုက်ပါ.. Bill ဟာကိုတော့ယူထားပြီးကျန်တာကိုထည့်လိုက်ပါ.. ”
ထိုအခါ Mr.Hutchinson“ ငါက အစကပြန်လုပ်ရမယ်လို့ထင်တာ.. မတရားဘူးကွာ.. သူ့ကိုမဲနှိုက်တုန်းက သေချာပေးမနှိုက်ဘူး.. ” ဟုပွစိပွစိပြောနေသေးသည်။


Harry ကမဲလိပ် (၅) လိပ်ကိုသေတ္တာထဲထည့်လိုက်သည်။

“ ကဲအားလုံးပဲအဆင်သင့်ဖြစ်ပြီနော်.. ” ဟုမေးသော် ခေါင်းငြိမ့်ပြကြသည်။

“အားလုံးနှိုက်ပြီးမှ ဖွင့်ကြည့်ရမှာနော်.. သတိထားပါ.. Harry မင်း Dave လေးကိုကူပေးလိုက်.. ”

Harry ကစင်ပေါ်တက်လာပြီး Dave လေးကိုချီပြီးတော့ နှိုက်ခိုင်းသည်။

“တစ်ခုပဲယူပါ.. Harry မင်းသူ့အစားကိုင်ပေးလိုက်.. ”

Dave အလှည့်ပြီးတော့ Nancy အလှည့်ရောက်လာသည်။ မစ္စတာ စမ်းမာစ် ကနာမည်ခေါ်လိုက်တော့
Nancy ကစင်ပေါ်တက်ကာ မဲသွားနှိုက်ပြီးပြန်ဆင်းလာသည်။Tessie ဟုခေါ်လိုက်သော်
Mrs.Hutchinson က တက်လာပြီး မဲလိပ်တစ်လိပ်ကိုနှိုက်ကာပြန်ဆင်းသွားသည်။
Bill ဟုခေါ်လိုက်သော် Bill တက်လာကာ နှိုက်ပြီးဆင်းသွားသည်။ ထိုအခါအားလုံးတိတ်ဆိတ်သွားလေသည်။

ကောင်မလေးတစ်ယောက်က “Nancy မဖြစ်ပါစေနဲ့.. ”
ဟုတီးတိုးပြောလိုက်သောစကားသံမှာ လူအုပ်ကြီးထဲပျံ့လွှင့်သွားသည်။

“ ကောင်းပြီ.. အားလုံးပဲ ကိုယ့်မဲလိပ်ကိုကြည့်လိုက်ပါ.. Harry မင်း Daveလေးကိုကူပေးလိုက်.. ”

ဟုမစ္စတာစမ်းမားစ်က ကြေညာလိုက်သောအခါ အားလုံးက ကိုယ့်မဲလိပ်ကိုဖွင့်ကြည့်ကြသည်။
Dave Nancy Bill. Jr.သုံးယောက်စလုံးရဲ့မဲလိပ်မှာ ဘာမှမရှိဘူး။ သူတို့က လူအုပ်ကြီးထဲကိုထောင်ပြလိုက်သည်။ "Tessie" ဟုမစ္စတာ စမ်းမားစ် ကခေါ်လိုက်သည်။
Bill ကလည်းဖွင့်ပြီးထောင်ပြလိုက်သည်။ သူ့၏မဲလိပ်မှာလည်းဘာမှမရှိပေ။

“ဒါဆို Tessie ပဲပေါ့.. Bill ရေသူ့မဲလိပ်ကိုသွားယူလိုက်ပါ.. ”

ဟုပြောလိုက်သော် Bill က သူ့မိန်းမရဲ့လက်ထဲက မဲလိပ်ကိုသွားယူလာပြီးဖွင့်လိုက်သော်
မဲလိပ်ပေါ်မှာ အမဲရောက်စက်ဝိုင်းကြီးကိုထင်ထင်ရှားရှားကြီးတွေ့လိုက်ရသည်။ Bill ကထောင်ပြလိုက်သောအခါ လူအုပ်ကြီးကတစ်ယောက်တစ်ပေါက်နှင့် ဆူညံသွားသည်။

“ ကဲ.. မြန်မြန်လက်စသတ်ကြရအောင်.. ”ဟုမစ္စတာစမ်းမားစ်ကပြောလိုက်သည်။

ရွာသားများက ရှေးတုန်းက သုံးခဲ့တဲ့ သေတ္တာအမဲရောင်ကိုမေ့နေသော်လည်း ကျောက်တုံးများကိုအသုံးပြုဖို့ကိုတော့မမေ့လျော့သေးပင်။ ကောင်ကလေးများ ပွဲမစမီက၀ိုင်း၍စုထားသောကျောက်တုံးပုံကြီးမှာလည်းအဆင်သင့်ဖြစ်နေပြီ။
Mrs.Hutchinson၏သူငယ်ချင်းဖြစ်သူMrs.Delacroixသယ်လာသောကျောက်တုံးကြီးမှာ
ကြီးလွန်းလှသောကြောင့်သူမမှာ လက်နှစ်ဖက်နှင့်တောင်သယ်ယူရသည်။

“အားလုံးပဲ မြန်မြန်လာကြ.. မြန်မြန်လာကြ..” ဟူ၍ပြောဆိုနေကြသည်။

ကလေးများမှာလည်းကျောက်စရစ်ခဲလက်တစ်ဆုပ်စီနှင့်အသင့်ရှိနေကြပြီဖြစ်သည်။


Mrs. Hutchinson ကလူအုပ်ကြီးရဲ့အလယ်မှာရောက်နှင့်လေပြီ။ သူမက စိတ်လှုပ်ရှားလွန်းလို့လက်နှစ်ဖက်ကိုအတင်းဆုပ်ထားသည်။
“မတရားဘူး”

ကျောက်တုံးတစ်တုံးက သူမရဲ့ခေါင်းကိုထိမှန်သွားသည်။
“ မတရားဘူး.. မမျှတဘူး.. ” ဟုသာတစာစာအော်နေသည်။
သို့သော်လည်း....

စာရေးဆရာမ Shirley Jackson ရဲ့ ပုံပြင်တို "The Lottery" ကိုဆီလျော်အောင်ဘာသာပြန်ပါသည်။

5 people have left comments

Ulmuka said:

ထီမထိုးတော့ဘူး။ ဘောလုံးပွဲပဲလောင်းတော့မယ်နော်။ :P

သန့်ဇော်မင်း said:

ဝင်္ကဘာရေ.. သိပ်နားမလည်ဘူး...
လူကို မဲနှိုက်ပြီး ကျောက်ခဲ့ နဲ့ ထုတာလား...
ဘာဖြစ်လို့လဲ...

မူရင်း အင်္ဂလိပ်စာအုပ်က မဖတ်တက်ဘူး.. :D

ထွန်း said:

ကျောက်ခဲနဲ့ ပေါက်သတ်ဖို့  မဲနှိက်တာလား။ သိပ်နားမရှင်းဘူး

MM said:

ဂျေရေ ဆီဗုံးမှာနေရာမရှိလို့ဒီမှာပဲရှင်းလိုက်မယ်နော်။

သူတို့ကဟုတ်ပါတယ်ကျောက်ခဲနဲ့ပေါက်သတ်ဖို့မဲနှိုက်တာပါ။ သူတို့ရဲ့ထုံးစံပေါ့။ တစ်နှစ်တစ်ခေါက်။ အဲလိုမဟုတ်ရင် စားနပ်ရိက္ခာ မလောက်ဘူးဆိုပြီး အယူမှားနေကြတာပါ။

နောက်တစ်ခုက ဂျေက ခေါင်းစဉ်ကိုပြောတာနော်။
ဟုတ်ကဲ့။ တိုက်ရိုက်ပဲဘာသာပြန်ထားတာပါ။ ထီနဲ့မဲလိပ်ဆိုတဲ့သဘောတရားကို မစဉ်းစားမိတာလည်းပါတယ်။ နောက်ပြီး မဲလိပ်လို့ပြန်ရင် မအပ်စပ်တော့ဘူးလေ။
သူပေးတဲ့သင်ခန်းစာကိုပြောရင်“ မဲ ”
ဆိုရင်အဓိပ္ပာယ်မရှိတော့ဘူးလေ။
ပြီးတော့အရေးကြီးတာက ဒီပို့စ်ကိုရေးတာက( ဒီပုံပြင်ကိုဘာသာပြန်တာက) သူပေးတဲ့သင်ခန်းစာကိုပြောပြချင်လို့ပါ။ နောက်ဆက်တွဲရဲ့အစမှာရေးထားပါတယ်။ အဲဒါကို။ message လေးကိုသိစေချင်လို့ပါ ဆိုပြီး။ ဘာသာပြန်တာကိုအဓိကရေးတာမဟုတ်ပါဘူး အဲတော့ အဆင်မပြေတာရှိရင်တောင်းပန်တယ်နော်။
ကျေနပ်မယ်လို့ထင်ပါတယ်။

ထွန်း said:

ရတယ် ညီမလေးရေ ဂလိုဘဲပေါ့ ချက်ချင်း ဘာသာပြန်တော့ နဲနဲ အဓိပါယ်လွဲတာပေါ့နော် ကံစမ်းမဲ ဆိုတာ ပိုသင့်လျှော်လေမလားလို့  ကံကောင်းကံဆိုး စမ်းတဲ့ပွဲမိုလို လေ..ကျေးဇူးတင်ပါတယ်