Winkabar

A lot of my thoughts...

My Status

  • Posted: 9:45:00 AM
  • |
  • Author: Winkabar

ဇွန်၊ ဇူလိုင် ရန်ကုန်မှာကျောင်းတွေစဖွင့်တဲ့အချိန် ဒီမှာက နွေရာသီကျောင်းပိတ်ရက်။ ကောလိပ်တွေကတော့ နွေရာသီ semester ကို summer I နဲ့ summer IIဆိုပြီး ခွဲထားတယ်။ ကိုယ်တက်ချင်လည်းရတယ်။ မတက်လည်းရတယ်ပေါ့။ အောက်ကပို့စ်က Summer I semester မစခင်ကတည်းက ရေးထားတာ။ အခုဆို Summer တောင်ကုန်တော့မယ် :P ။ ဘလော့ကို ပစ်ထားတာတောင် အတော်ကြာသွားပြီ။ ကျောင်းပိတ်လို့အားမလားဆို ကျောင်းပိတ်မှ ပိုပြီးတော့အလုပ်ရှုပ်နေတယ်။ အရှုပ်တွေလုပ်တာဆိုတာ ဒါကိုပြောတာနေမယ်။ ဘာမှကိုလည်း လက်စမသတ်နိုင်ပဲနဲ့ လုပ်လက်စအလုပ်တွေက များနေတယ်။ ကျောင်းဖွင့်တုန်းက မလုပ်ရတဲ့အလုပ်တွေအခုလုပ်နေရသလိုပေါ့။ ဒီလိုနဲ့ပဲ ဘလော့ဖက်ကို မလှည့်နိုင်ဘူးဖြစ်သွားတယ်။ လာလည်တဲ့လူတွေကိုလည်း အားနာပါတယ်။ ဒီကြားထဲတော့ ဘလော့ပြန်ရေးနိုင်အောင် ကြိုးစားပါ့မယ်။ ဘလော့မရေးဖြစ်တဲ့အချိန်မှာ သတိတရလာလည်ကြတဲ့လူတွေအားလုံးပဲ ကျေးဇူးတင်ပါတယ်နော်။

အခုလောလောဆယ်တော့ ကိုညီလင်းဆက်လုပ်တဲ့ Myanmar Blogger Society မှာဝင်မွှေနေတယ်။ မြန်မာဘလော့များစုဝေးရာပေါ့။ ဘလော့ဂါတော်တော်များများကတော့ အဲဒီကိုရောက်နေကြပါပြီ။ ဘလော့ဂါတိုင်းသွားသင့်တဲ့နေရာလေးပါ။ မသိသေးတဲ့လူတွေကတော့ သွားကြည့်လိုက်ပေါ့နော်။
လိပ်စာက http://myanmarbloggersociety.ning.com/ ပါ။




View my page on Myanmar Blogger Society