Winkabar

A lot of my thoughts...

ကံကြမ္မာ

  • Posted: 7:05:00 AM
  • |
  • Author: Winkabar

အခုတလော အရေးခင်းနဲ့ပတ်သက်ပြီး အစိုးရဟာ ဟိုပိတ်ဒီပိတ် ၊ ဟိုဟာတားဒီဟာတားနဲ့
ဘလော့သမားများကိုလည်းဘလော့မရေးနိုင်အောင်ပိတ်လိုက်ပါတယ်။
ဒီလိုနဲ့ ဘလော့လောကကြီးဟာ အရင်ကလိုမစိုပြည်တော့ဘဲ
ခြောက်ခြောက်ကပ်ကပ်ကြီးဖြစ်နေပါတယ်။

ဒီလိုဘလော့လောကကြီးခြောက်ကပ်နေသလိုပဲ
လူတွေရဲ့စိတ်တွေဟာလည်းအရင်ကလို ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးမရှိတော့ဘဲ ခြောက်ကပ်နေပါတယ်။
အရင်က ဖတ်တိုင်း ပါးစပ်မပိတ်ဘဲ ရယ်ခဲ့ရတဲ့၊ ပျော်ရွှင်မှုတွေပဲ အမြဲပေးခဲ့တဲ့
ဘလော့တွေဟာ အခုဆို ဖတ်တိုင်း စိတ်ဆင်းရဲရ၊ ငိုရတဲ့ ဘလော့တွေဖြစ်သွားပါပြီ။
တတ်လည်းတတ်နိုင်ပါတယ် နအဖတို့ရယ်။ ကံကလည်းအင်မတန် ကောင်းနေတယ်။
ဒါပေမဲ့ လူဆိုတာတစ်သက်လုံးကံမကောင်းနိုင်ပါဘူး။ တစ်ချိန်ချိန်မှာတော့
ကံဆိုးမိုးမှောင်ကျတဲ့အချိန်ရောက်လာမှာပါ။ လူတကာကိုအသက်မဲ့တဲ့ကျောက်ရုပ်တွေလိုသဘောထား
ဆက်ဆံနေတာ တစ်ချိန်ချိန်မှာလည်း သင်တို့ကိုဒီလိုဆက်ဆံတဲ့ လူတွေ၊ အဲလိုခံရမယ့်အချိန်တွေလည်း
တလှည့်ရောက်လာမှာပါ။ ကမ္ဘာကြီးဟာလည်နေတာပါ။ ဒီနေ့နေပူပေမယ့် မနက်ဖြန်ဆိုမိုးရွာနိုင်ပါတယ်။
သင်တို့လည်းဒီနေ့သူများကို နှိပ်စက်နေပေမယ့် မနက်ဖြန်ဆိုရင်သူများအနှိပ်အစက်ခံဘ၀ရောက်နိုင်ပါတယ်။
ဒါကိုဘယ်လိုဗေဒင်၊ ဘယ်လိုယတ္တာတွေနဲ့ပဲတားတား ဘယ်လိုမှရှောင်လွှဲလို့မရနိုင်ပါဘူး။
သဘာဝတရားကြီးဟာ အင်မတန်မှညီမျှတာကိုကြိုက်ပါတယ်။ လူတိုင်းဟာ အမြဲတမ်းမအောင်မြင်နိုင်သလို၊
အမြဲလည်းမရှူံးနိမ့်နိုင်ပါဘူး။ အောင်မြင်ရင်းအောင်မြင်ရင်းနဲ့ မျက်နှာကျက်လောက်အထိမြင့်သွားရင်၊
ထပ်တက်စရာမရှိတော့ရင် အောက်ပြန်ပြုတ်ကျသွားမှာပါ။ တစ်တောင်ဟာတစ်တောင်ထက်ပိုမြင့်ပါတယ်။
မကြာခင်မှာ သင်တို့ကိုနိုင်မယ့် သူရဲကောင်းတွေပေါ်ထွက်လာတော့မှာပါ။ မပေါ်ရင်တောင်မှ ပြည်သူတွေရဲ့စည်းလုံး
ညီညွတ်မှုနဲ့သင်တို့ကိုဖြုတ်ချနိုင်မှာပါ။ သိပ်မကြာတော့ပါဘူး။ ၀ဋ်ပြန်လည်တော့မှာပါ။

0 people have left comments

Commentors on this Post-