Winkabar

A lot of my thoughts...

ငြင်းကြမယ်ဟေ့ကောင်းကောင်း

  • Posted: 8:11:00 AM
  • |
  • Author: Winkabar

ဒီတစ်ခါတော့ သီအိုရီ လေးတွေတင်ပြချင်ပါတယ်။
အခုပထမဦးဆုံး မေးခွန်းတစ်ခုကိုဖြေကြည့်ပါ။
ပြီးရင် အဖြေကိုစာရွက်ပေါ်မှာရေးထားပေါ့နော်။

မေးခွန်းကတော့ ဒါဘာအရောင်ပါလဲ။
အဖြေရေးထားနော်။


သီအိုရီစပါပြီ။


အရောင်တွေကိုနာမည်ပေးရာတွင် နာမည်တစ်လုံးတည်း
ရှိသောအရောင်များကို အရှေ့တွင် "အ" ထည့်ခေါ်ပါသည်။
ဥပမာ။ ။ "နီ" ကို "အနီ"
"၀ါ" ကို "အ၀ါ"
"စိမ်း" ကို "အစိမ်း" ဟူရဖြစ်သည်။

နာမည်နှစ်လုံးရှိသောအရောင်များကိုမူ ရှေ့တွင် "အ" ထည့်မပြောပါ။
ဥပမာ။ ။ ခရမ်း ကို ခရမ်းဟူရသာ လည်းကောင်း
မီးခိုးကို မီးခိုးဟူရသာ လည်းကောင်း ခေါ်ကြပါသည်။
အရှေ့တွင် "အ" ကိုထည့်ရ "အခရမ်း" နှင့် "အမီးခိုး" ဟူရမခေါ်ကြပါ။

"အရောင်"ထည့်ပြောမယ်ဆိုလျှင်
"အနီ"မှာ "အနီရောင်"ဖြစ်သွားပြီး
"အ၀ါ"မှာ "အ၀ါရောင်"ဖြစ်သွားပါသည်။
ခရမ်းသည်လည်းထိုနည်းလည်းကောင်းပါပဲ။
ခရမ်းရောင်ဖြစ်သွားပါသည်။

သို့သော် "အပန်းရောင်" ကို အရင်ပို့စ်တွင် "အပန်း" ဟူ၍
ရေးခဲ့ပါသည်။ ဤသည်ကို အစ်မလင်း
"ပန်းရောင်"ဟူသာရေးရပါမည် ဟုပြောလာပါသည်။
"အပန်းရောင်" ဟူပြင်လိုက်မည်ဟုပြောသော်လည်းမရပါ။
"ပန်းရောင်"သာလို့ပြောနေပါသည်။ ဒါကိုစာဖတ်သူများအနေဖြင့်
ငြင်းပေးကြပါ။ မိမိမည်သို့ထင်မြင်သည်ကို comment တွင်ရေးခဲ့ပါ။ နောက်တစ်ပတ်တွင် မည်သူနိုင်သည်ကို
ကြေငြာပေးပါမည်။


မှတ်ချက်။ ။ သီအိုရီဆိုသည်မှာအကုန်မမှန်ပါ။
ရှူံးတဲ့အဖွဲ့ကိုနိုင်တဲ့အဖွဲ့ကမုန့်ကျွေးကြေးပေါ့။
အဲလေမှားလို့နိုင်တဲ့အဖွဲ့ကိုရှုံးတဲ့အဖွဲ့ကကျွေးရမယ်ပြောတာ။
အောက်တိုဘာ (၂၈) ရက်ကျရင်အဖြေကြေညာပါ့မယ်။

4 people have left comments

လင်း said:

ကဲလိမ္မော်ရောင်ကိုအလိမ္မော်လို့ ခေါ်လို့ လား?
ပြီးတော့အကြက်သွေးရောင်ရောကြားဘူးလား???
တချို့ အရောင်တွေရှေ့ မှာ အ ထည့် ပြီးသုံးလို့ မရတာတော့သေချာတယ်။
ကြံရည်ရောင်ဆိုတာကိုအထည့် လိုက်ရင်
အကြံရည်ရောင်ပေါ့  ဟီးဟီး

MCT said:

ရှုပ်သွားပြီကလေးရေ
ဘယ်အရာနဲ့မှမတူအောင်
ရှုပ်ပါသည်။
မုန့်ကျွေးမှပဲလာချားတော့မယ်
ရလားဟင်

Anonymous

Anonymous said:

ဒါကဒီလိုရှိပါတယ်..။ ခရမ်း..မရမ်း..လိမ္မော် တို့က သံရှည် (နှစ်သံ)ဖြစ်လို့ “ အ ”ထည့်ဖို့မလိုဘူး..။ ဒါကရှင်းတယ်..။
ဝါ၊စိမ်း ၊ နီ ၊ပြာ ၊ ပန်း ဆိုတာတွေကို အသံထွက်ပြီး ရွတ်ကြည်ပါ ...။ ဘယ်အသံက သံရှည်လဲ ...။ ပန်းက တလုံးတည်းဆိုပေမယ့် အသံရှည်ပါတယ်..ပိုပြီး စနစ်ကျချင်ရင် သိပံပညာရှင်တွေသုံးတဲ့ နာရီလေးနဲ့ မှတ်ကြည့်ပါ ... ပန်း လို့ အသံထွက်ရတာ ခရမ်း လို့ ၂ သံ ထွက်ရတာနဲ့  အချိန် ညီမျှလုနီးပါးဖြစ်ပါတယ်..။ ဒါကြောင့် ပန်းဟာ သံရှည် အုပ်စုမှာ ပါဝင်ပြီး အ ထည့်ဖို့ မလိုပါဘူး ...။

Ulmuka said:

အဖြူရောင်ကို ကော ဖြူရောင်၊ အညိုရောင်ကိုကော ညိုရောင်လို့ ခေါ်လို့လား?
တောင်ကြီးမှာတော့ အပန်းရောင်လို့ပဲခေါ်ပါတယ်ဗျာ။