Winkabar

A lot of my thoughts...

မျက်လုံးနှင့်သူ၏အစိတ်အပိုင်းများ

မျက်လုံးဟာဆိုရင်ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံးထဲမှာ
အနူးညံ့ဆုံးလောက်နေပါတယ်။ မျက်စိထဲကို အဖတ်သေးသေးလေး ၀င်တာကအစ
မခံမရပ်နိုင်လောက်အောင် ဆိုးပါတယ်။ ဒီလိုအမှိုက်တွေ ဘာတွေဝင်ရင်လည်း
လက်နဲ့သိပ်ပွတ်လို့မရဘဲ ရေနဲ့ပဲဆေးရပါတယ်။ ဒါကတော့လူတိုင်းသိပြီးသားပါ။
ဒီလိုနူးညံ့ပြီး ညင်ညင်သာသာကိုင်တွယ်ရတဲ့ မျက်လုံးကိုဖွဲ့စည်းထားတဲ့အစိတ်အပိုင်း
တွေက အင်မတန်မှစိတ်ဝင်စားဖွယ်ကောင်းလို့ ဖော်ပြပေးလိုက်ပါတယ်။




1) Conjunctiva
မျက်လုံးရဲ့အပေါ်ယံအလွှာ
မျက်ခွံကိုဝိုင်းရံထားပြီး မျက်လုံးရဲ့ ၆ပုံ ၅ပုံကိုဖုံးထားပါတယ်။

2) Cornea
မျက်လုံးရဲ့ကျန်တဲ့ ၆ပုံ၁ပုံကိုဖုံးထားပြီး ထိုနေရာကနေမျက်စိထဲသို့အလင်းဝင်ရောက်ပါတယ်။

3) Pupil
သူငယ်အိမ်
မျက်လုံးရဲ့ အလယ်တည့်တည့်ကအမဲရောင် အပိုင်းဖြစ်ပြီး အလင်းဝင်ရောက်ခြင်းကိုထိန်းညှိပေးပါတယ်။
အမှောင်ထဲရောက်ရင် ကျယ်လာပြီး အလင်းထဲရောက်လျှင်ကျုံ့သွားပါတယ်။ ဒီအမဲလုံးဟာဆိုရင်အမြဲဝိုင်းနေရပါမယ်။
ပုံပျက်နေရင် (မ၀ိုင်းတော့ရင်) ဆေးတစ်ခုခုသို့ရောဂါတစ်မျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ပုံသဏ္ဍာန်မမှန်လျှင်
ဆရာဝန်နှင့် ပြသသင့်ပါတယ်။

4) Iris
မျက်လုံးရဲ့ရောင်ခြယ်အပိုင်းပါ။ ဒီနေရာပေါ်မူတည်ပြီး မျက်လုံးအရောင်ထွက်လာတာပါ။ Iris ကမဲလျှင်မျက်လုံးအမဲ၊ Iris
ပြာလျှင်မျက်လုံးအပြာ။ Iris ကဖြူနေရင်တော့ မျက်လုံးကအရောင်မရှိဘူးပေါ့။
(ဥပမာ။ ။ ဘိုဖြူလိုမျိုး)

5) Crystalline Lens
သူငယ်အိမ်( Pupil ) ရဲ့အနောက်က ဂျယ်လီလို အရာဝတ္ထုပါ။ အမြဲကြည်လင်နေရပါမယ်။
အရောင်က ဖြူပိတ်ပိတ်ဖြစ်လာရင်တော့ တိမ်ရောဂါဖြစ်လာပါတယ်။

6) Aqueous Humor
Aqueous= ရေ ၊ Humor= အရည် ရေနှင့်တူသောအရည်တစ်မျိုးပေါ့။ Cornea နဲ့ Lens ကြားမှာရှိပါတယ်။
မျက်လုံးရဲ့ဖိအားကို ထိုအရည်မှရပါတယ်။

7) Vitreous Humor
Vitreous= ထူသော ။ မျက်လုံးတစ်ခုလုံးရဲ့လွတ်နေသောနေရာများကိုဖြည့်ပြီး မျက်စိရဲ့ ပုံသဏ္ဍာန်ကိုဖြစ်စေပါတယ်။



8) Retina
ဒါကတော့ ကင်မရာ က ဖလင် နဲ့အတူတူပါပဲ။ မျက်လုံးမှာပုံရိပ်တွေပေါ်ဖို့အတွက် ပုံဖမ်းကိရိယာပါ။
မျက်လုံးက အာရုံကြောဆဲလ်တွေ တည်ရှိတဲ့နေရာပါ။ ပတ်ဝန်းကျင်ကပုံရိပ်တွေ ကဒီ retina
ပေါ်ရောက်မှ မျက်လုံးကနေမြင်ရမှာပါ။

i) Rods
Retina ပေါ်မှာရှိတဲ့ အချောင်းပုံသဏ္ဍာန် ဆဲလ်ဖြစ်ပါတယ်။ ညဘက် အမြင်အာရုံနဲ့ဆက်စပ်နေပါတယ်။
အရောင်ကိုတော့မြင်နိုင်စွမ်းမရှိပါဘူး။ ဒီဆဲလ်တွေမှာ ရှိတဲ့ rhodopsin အားကောင်းလျှင် ညဘက်ကောင်း
ကောင်းမြင်ရပါတယ်။ Rhodopsin အားကောင်းဖို့ ဗီတာမင်အေရှိတဲ့အစားအစာ
(ဥပမာ။ ။ မုန်လာဥနီ) ကိုစားပေးရပါတယ်။

ii) Cones
Retina မှာရှိတဲ့ နောက်ဆဲလ်တစ်မျိုးပါ။ ကတော့ပုံစံရှိပါတယ်။ အရောင်တွေကိုမြင်ရအောင်စွမ်းဆောင်ပေးပါတယ်။
အချောင်းပုံဆဲလ် (rods) တွေထက်တော့ အရေအတွက်နည်းပါတယ်။

9) Fovea (centralis)
Retina အလယ်တည့်တည့်နီးပါး မှာရှိပြီး အမြင်အကြည်လင်ဆုံးအပိုင်းဖြစ်ပါတယ်။

10) Blindspot
Retina ပေါ်ကအမှတ်တစ်ခု မှာ Retina က အာရုံကြောအားလုံးစုပြီး optic nerve ဖြစ်လာတဲ့
အမှတ်တစ်ခုရှိပါတယ်။ အဲဒီအမှတ်ပေါ်မှာ ဘာမှမမြင်ရပါဘူး။ ဒီအမှတ်ကို Blindspot လို့ခေါ်ပါတယ်။
ကားမောင်းလျှင် သတိထားပြီး ဘေးမှန် အရှေ့မှန် အားလုံးကြည့်ပြီး
ဒါမှမဟုတ် နောက်လှည့်ကြည့်ပြီးမှ လမ်းပြောင်းရပါတယ်။
တစ်ခါတစ်လေ ကျရင် ကားက ဒီ blindspot ပေါ်ရောက်နေရင် မမြင်ရဘဲ
ယာဉ်တိုက်မှု ဖြစ်နိုင်ပါတယ်။

Blindspot ကိုစမ်းသပ်နည်း
ဘယ်ဘက်မျက်စိကိုဘယ်လက်ဖြင့်ပိတ်ထားပြီး အရှေ့တည့်တည့်ကိုစူးစိုက်ပြီးကြည့်ပါ။
မျက်စိကိုတသမတ်တည်းထားပါ။ ပြီးလျှင် ညာဘက်လက်ညှိုးကို မျက်စိရဲ့ တစ်ထွာအကွာလောက်
ကနေပြီးတော့ ညာကနေဘယ်ကိုရွေ့သွားပါ။ မျက်စိကိုအရှေ့တည့်တည့်ပဲစိုက်ကြည့်နေပါ။
တစ်နေရာရောက်လျှင် လက်ညှိုးထိပ်ပြတ်သွားတာကိုတွေ့ရပါလိမ့်မယ်။ ဖြူဖြူကြီးဖြစ်နေတာကိုပေါ့။
အဲနေရာကိုကြည့်လိုက်ရင်တော့ ပြန်ပေါ်လာပါတယ်။ ဒီလိုဖြစ်ရတာဟာ လက်ညှိုးထိပ်ရဲ့ပုံရိပ်က blindspot
ပေါ်ကိုရောက်သွားလို့ပါ။

11) Sclera
မျက်လုံးရဲ့ အဖြူရောင်အပိုင်းပါ။ မျက်လုံးက လူ့ရဲ့ပြတင်းပေါက်လိုပါပဲ။ ဒီအဖြူအပိုင်းဟာ
မဖြူဘဲ အရောင်တစ်မျိုးမျိုးပြောင်းနေရင် ( ဥပမာ။ ။ ၀ါနေရင်) ဒီလူဟာ ရောဂါတစ်ခုခုဖြစ်နေတယ်
( သို့) နေမကောင်းဖြစ်နေတယ်ဆိုတာသိနိုင်ပါတယ်။

12) Color Blindness
ဒါကတော့ တစ်ချို့လူတွေမှာဖြစ်တာပါ။ အရောင်တစ်မျိုးမျိုးကိုမမြင်ရတာပါ။ ယောကျာ်းလေးတွေ
မှာအဖြစ်များပါတယ်။
မျက်လုံးကို အရောင်မြင်ရတဲ့အပေါ်မူတည်ပြီး မြင်ကွင်း ၃မျိုးခွဲထားပါတယ်။
i) Trichromatic color vision
ဒီအမျိုးအစားက အရောင်သုံးတွဲစလုံးကိုမြင်ရပါတယ်။
အရောင်အတွဲ: အနီ-အစိမ်း
အ၀ါ-အပြာ နဲ့
အမဲ-အဖြူ တို့ပဲဖြစ်ပါတယ်။
တခြားအရောင်တွေကတော့ ဒီသုံးတွဲကိုပေါင်းစပ်ပြီးတော့မြင်ရတာပါ။

ii) Dichromatic
ဒီအမျိုးအစားမကတော့ အနီ-အစိမ်း (သို့) အ၀ါ-အပြာ ကိုမမြင်ရပါဘူး။

iii) Monochromatic
အဖြူ-အမဲကိုသာမြင်ရပြီး အနီ-အစိမ်း နဲ့ အ၀ါ-အပြာ နှစ်တွဲစလုံးကိုမမြင်ရပါဘူး။
ဒါကတော့ ဖြစ်ခဲပါတယ်။


ဒီပုံမှာ 12 ကိုမြင်ရပါသလား။



ဒီပုံမှာကတော့ x တစ်ခုကနေတစ်ခုကိုဆက်ထားတဲ့မျဉ်းဖြောင့်တစ်ကြောင်းကိုမြင်ရပါသလား။



ဒီပုံကိုကြည့်လျှင် သာမန်လူဆိုလျှင် ပထမပုံအတိုင်းမြင်ပြီး အစိမ်း color blind လူကတော့
ဒုတိယပုံအတိုင်းမြင်ရပါတယ်။

11 people have left comments

စိုးထက် - Soe Htet ! said:

ကောင်းတယ် ... ဗဟုသုတ ကောင်းကောင်း ရပါတယ် ခင်ဗျာ ... :)

မေပျို said:

အမရေ...
သဲတို့တုန်းကလည်း စမ်းရတယ်သိလား။ 1stMB တုန်းကလေ။ ဖတ်ရတာ ဗဟုသုတ ရပါတယ်အမ။ ကျေးဇူးပါ။

Nyein Chan Aung said:

ဒေါ်ပိစိ... အန်တီ့ဆီကို ကျနော်လာလည်သွား ပါတယ် ခင်ဗျာ.. အန်တီက ကျောင်းတက်ရင်း ဘလော့ရေးနေတာကိုး... လေးစားတယ် အန်တီပိစိရေ... ရည်မှန်းတဲ့အတိုင်း ဆရာဝန်မကြီး အမြန်ဆုံးဖြစ်ပါစေ ခင်ဗျာ....

စိုးထက် - Soe Htet ! said:

ဝေးးး ... ထပ်လာသွားတယ် ... :)

သုလွန်းအိမ် said:

အရမ်းကောင်းတယ်။ ဗဟုသုတတိုးခဲ့ပါတယ်။ ကျေးဇူးနော်။

အဲ့ .. ဒါနဲ့ ၀င်္ကပါ့ Link text colour က background နဲ့ တူနေတော့ မမြင်ရဘူး။ mouse pointer လေးနဲ့ လိုက်စမ်းတော့ အနီရောင်လေးပြောင်းမှ click လုပ်ခဲ့ရတယ်။ =)

စိုးထက် - Soe Htet ! said:

ဟေ့ .. ကိုမာန်လှိုင်းဆီမှာ မေးထားတာတွေ့ လို့ ...
..ှု.. က Shift+i ရိုက်ရတာဗျ ... :)

nu-san said:

ဗဟုသုတရပါတယ် ညီမရေ.. ဒီပို့စ်လေးအတွက် ကျေးဇူးပါ.. အမ ညီမ၀မ်းကွဲလေး တစ်ယောက်ဆိုရင် အရောင်တွေကို သူသေချာမသိဘူး။ အသိ အကိုကြီး ၁ ယောက်လည်း အဲလိုဘဲ..

Winkabar said:

ဟုတ်ကဲ့ပါဦးစိုးထက်
အားပေးတာကိုလည်းကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့ပါအစ်မမေပျို။ ကိုငြိမ်းချမ်းအောင်ရေ ကျေးဇူးတင်ပါတယ်။ ဦးစိုးထက်ရေ ထပ်ဆင့်ကျေးဇူးပါနော်။
အစ်မတော့တိုးချန် ဟုတ်တယ်အဲလိုပဲ ကိုယ်ယောင်
ဖျောက်ထားတာလေ။ ဟုတ်ကဲ့ပါအစ်မနုစံ

Mhaw Sayar said:

သိပ်ကို ဗဟုသုတရစေတဲ့ ပို့စ်လေးပါပဲခင်ဗျာ။ ဒီပို့စ်လေးအတွက် ကျေးဇူးအထူး။

tuzzaung said:

ကျေးဇူးတင်တယ် ညီမလေးရေ..
ဒီလိုပို့စ်လေးတွေဖတ်ရလို့
နောက်ထပ်မျှော်နေမယ်နော်

Winkabar said:

ကိုမှော်ဆရာနဲ့အစ်မတူးတူးကိုလည်းကျေးဇူးတင်ပါတယ်နော်။
လာအားပေးတဲ့အတွက်