Winkabar

A lot of my thoughts...

အိတ်ထဲမှာ

  • Posted: 7:48:00 PM
  • |
  • Author: Winkabar

အိတ်ထဲမှာ ရှိတဲ့ပစ္စည်းတွေကိုရေးဖို့ အစ်မမိုးချစ်သူက တက်ထားတယ်လေ။
ခါးပိုက်နှိုက်မလို့ဆိုပဲ။ အဖိုးတန်တာတွေတော့မရှိပါဘူး။ အိတ်ထဲမှာက

၁) ပိုက်ဆံအိတ်အသေး(၂)လုံး
တစ်လုံးကပိုက်ဆံအရွက်တွေထည့်တာ တစ်လုံးကတော့ အကြွေစေ့တွေအတွက်။

၂) အိမ်သော့

၃) ဘောပန်တစ်ချောင်းနဲ့ မှတ်စုစာအုပ်တစ်အုပ်
လိုလိုမယ်မယ် မှတ်စရာရှိရင်သုံးတာပါ

၎) မှန်ရယ် ခေါင်းဖီးရယ် lip gloss ရယ်
လှချင်တာကိုးနော်။ ကျောင်းမှာတစ်နေကုန်နေရတဲ့နေ့တွေဆိုတော်တော်အသုံးဝင်တယ်

၅) ဖုန်း


၆) နောက်ဆုံးကတော့ ရှုဆေးတစ်ဗူး
ကားမူးတတ်လွန်းလို့ဆောင်ထားရတယ်။ အထူးသဖြင့်ကားပိတ်တဲ့အချိန်ဆိုရင်။
တစ်ခါတစ်လေကျရင် ကြွပ်ကြွပ်အိတ် တစ်လုံးလည်းဆောင်ထားရတယ်။

အိတ်ထဲမှာရှိတာဒါအကုန်ပါပဲ။

13 people have left comments

Mintasay said:

အကိုလာပြန်လည်သွားတယ် Goodie blog

Mintasay said:

Your blog is really attractive, to be honest. i ll come again

Anonymous

Anonymous said:

ညီမလေးလည်း ဘော့စ်ပဲ။ မမက မဘော့စ်တော့ ဘော့စ်တဲ့လူကို အားကျနေတာ။ ဟဲဟဲ။ ကောင်းတယ်ကောင်းတယ်။

nu-san said:

ဝင်္ကဘာ ရဲ့ အိတ်ထဲကို လာချောင်းကြည့်သွားတယ်.. :)

MCT said:

Lip Gloss နဲ့ ပဲများနေတယ်။
သိတယ်နော်။ ပိစိကွေးတို့ကတော့
ရေးပေးတာ ကျေးဇူးပါ။

pandora said:

ကိုယ်လည်းမရေးရသေးဘူး
အိတ်လည်းရှင်းဦးမှ

စိုးထက် - Soe Htet ! said:

အဟဲ ကျွန်တော့် လည်း လာတက်ထားကြတယ် မရေးရသေးဘူး ... :)

ကျော်ထက် said:

ပိုက်ဆံအိပ်သေးသေးလေး၂ လုံးထဲက တလုံးလောက် ပေးပါလား
မုန့်ဝယ်စားမလို့ ဟဲဟဲ နောက်တာနော် တကယ်ပေးရင်တော့ မုန့်ပြန်ဝယ်ကျွေးမယ် ဘယ်လိုလဲ

Anonymous

Anonymous said:

သူများအိတ်ထဲက ပစ္စည်းတွေလာကြည့်ရင်း.. နဲနဲတောင် ရှက်လာပြီ.. အမဆီ့မှာ နဲတာမဟုတ်.. အရူးလွယ်အိတ်ကျနေတာပဲ.. =)

tayzar said:

အိပ်ထဲက ပိုက်ဆံနည်းနည်းချီးသွားတယ်။ ပိုက်ပိုက်ပြတ်နေလို့ =)

Winkabar said:

မင်းတစေ>> ကျေးဇူးနော်။
Anonymous>> သမီးကဘော့စ်မဟုတ်ပါဘူးအစ်မရဲ့။
nu-san>> ဘာတွေ့လဲဟင်
မိုးချစ်သူ>>ဘယ်လိုသိတာလဲ။
pandora>>မြန်မြန်ရှင်းနော်။ပြီးရင်လာဖတ်မယ်။
စိုးထက်>> မြန်မြန်ရေးပေးလိုက်။ပြီးရင်ဓားပြလာတိုက်မလို့။
ကျော်ထက်>> ကောင်းသားပဲ
ိdemokitto>>အစ်မကသူများနဲ့မတူပဲထူးခြားတာပါ။မရှက်ပါနဲ့အစ်မရဲ့။
tayzar>> ဒါကြောင့်ကိုးထလာတော့ပိုက်ဆံတွေလျှော့နေတာ။လက်စသတ်တော့အစ်ကိုမသွားတာကိုး။

Anonymous

Anonymous said:

ပိုက်ဆံအိတ် ၂ အိတ်ဆိုတော့ တော်တော် စိတ်ဝင်စားသွားတယ်...။ နောက်မှ ...တ အိတ်က အကြွေအိတ်...တဲ့...။

MELODYMAUNG said:

တို့လဲ လာချောင်းကြည့်သွားတယ်.. :)