Winkabar

A lot of my thoughts...

ထူးဆန်းသောကလေးငယ်

  • Posted: 3:30:00 PM
  • |
  • Author: Winkabar

သတင်းတစ်ပုဒ်မှာဖတ်လိုက်ရတယ်။ အိန္ဒိယနိုင်ငံက (၂) နှစ်အရွယ်ကောင်မလေး
တစ်ယောက်က မွေးလာတာ ခြေတွေလက်တွေအပိုပါလာတယ်တဲ့။
လက်(၄)ဖက် ခြေ(၄)ချောင်း ပြီးတော့ တခြားအင်္ဂါတွေလည်းအပိုပါလာတယ်။
အမေဗိုက်ထဲမှာနေတုန်းကတော့ အမြွှာလေးဖြစ်မလို့ပဲ။ ဘာအခန့်မသင့်လဲမသိဘူး။
အမြွှာမဖြစ်တော့ပဲနဲ့တစ်ယောက်ထဲမှာအင်္ဂါတွေအားလုံးလာစုသွားတာ။
ကျောက်ကပ်တို့အစာအိမ်တို့ကောပေါ့။ လူတွေကသူ့ကိုနတ်
ဝင်ပူးသလိုလိုဘာလိုလိုနဲ့ပြောကြပြီးတော့ ဆက်ကပ်အဖွဲ့တွေကလည်း
လာဝယ်လို့ဖွက်ထားရတယ်တဲ့။ အဲဒီကလေးလေးကိုအရင်အပတ်ဗုဒ္ဓဟူးနေ့က
ဆရာဝန်အယောက်(၃၀)လောက်အဖွဲ့ကြီးကခွဲစိတ်တာ
ခဲ့ပါတယ်။ ပိုနေတဲ့အင်္ဂါတွေကိုဖယ်ရှားလိုက်နိုင်တယ်။
သာမန်လူလေးတစ်ယောက်လိုပဲဖြစ်သွားပြီ။




သူမ၏မိခင်နှင့်အတူ

ဒီပုံကတော့ ကလေးလေးတစ်ယောက်တည်းပုံပါ။
မြင်ရတာနည်းနည်းတစ်မျိုးကြီးပဲ။ ဒါကြောင့်မတင်တော့ဘူး။
ကြည့်ချင်ရင်တော့ ဒီမှာသွားကြည့်လိုက်နော်။

4 people have left comments

စိုးထက် - Soe Htet ! said:

ဝေမျှပေးတာ ကျေးဇူးးးး ... တကယ်အသုံးတဲ့မယ့် ခြေလက်ပဲ ကျန်ခဲ့တော့မှာပေါ့ ကောင်းပါတယ် ... :)

ရန်ကင်း said:

အံ့ဖွယ်သရဲပါတကားးးးးးးးးးးး။ကျေးဇူးပဲညီမလေးဝင်္ကပါရေ။
နောက်လည်းဝေမျှပေးနော်။ :)

hnin said:

အရမ်းထူးဆန်းတယ်နော်။ ဒီပုံလေးကြည့်ရတာနဲ့တင် စိတ်မကောင်းဘူး။ အောင်မြင်တာတောင် ကျေးဇူးတင်ရမယ်။

nu-san said:

ဝေမျှပေးတာ ကျေးဇူးပါ ၀င်္ကဘာရေ.. ခွဲစိတ်တာ အောင်မြင်တာ ၀မ်းသာစရာပါပဲ။ အမ အရင်က ပုံကို ကြည့်လို့မရဘူး။ Page Not Found လို့ပြောတယ်.. လူကောင်းပုံလေးပဲ ကြည့်သွားလိုက်တော့မယ်.. :)