Winkabar

A lot of my thoughts...

တောင်ကြီးတန်ဆောင်တိုင်

  • Posted: 9:06:00 PM
  • |
  • Author: Winkabar

နောက်တစ်ပတ်လောက်ဆိုရင် တန်ဆောင်တိုင်ရောက်တော့မယ်။
အဲအချိန်ဆိုရင် တောင်ကြီးမှာလူတွေစည်ကားပြီးမီးပုံးတွေလွှတ်ကြတော့မယ်။

တစ်ခါက လွန်ခဲ့တဲ့ ၅နှစ်ကျော်ကျော်လောက်ကပေါ့ တောင်ကြီးတန်ဆောင်တိုင်ပွဲကို
အဖွားကခေါ်သွားလည်တယ်။ တန်ဆောင်တိုင်မရောက်ခင်တစ်ရက်ရောက်သွားတယ်။
တည်းတော့အဖွားရဲ့အစ်ကိုအိမ်မှာတည်းတယ်။ သူ့အိမ်က တောင်ပေါ်မှာလေ။
အေးအေးချမ်းချမ်းဆောင်းတွင်းလေးမှာ တောင်ပေါ်မှာ နေရတာပျော်စရာကောင်းလိုက်တာ။

ညဘက်ကျတော့ အေးလို့မီးလှုံရတယ်။ ပြီးတော့စောင်တွေအထပ်တွေအများကြီးခြုံ
ရတာအဲဒီအချိန်ကျမှပဲကြုံဖူးတော့တယ်။ မီးလှုံရတာလည်းအဲဒါပထမဆုံးပဲလေ။
မီးဖိုကြီးကို အောက်ကနေအပေါ်ကိုယူတက်လာပြီးတော့ ညီမလေးတွေနဲ့အားလုံးဝိုင်းပြီး
ထိုင်လှုံနေကြရတာ အရမ်းပျော်ဖို့ကောင်းတာပဲ။ တောင်ပေါ်အိမ်မှာနေရတာလည်းဒါပထမဆုံးပဲ။
ခွေးသေးပန်း ပင်တွေနဲ့ခြံစည်းရိုးလုပ်ထားတော့လည်းအံ့သြခဲ့ရသေးတယ်။

နောက်တစ်နေ့ညကျတော့ မီးပုံးပျံလွှတ်တာသွားတော့မကြည့်လိုက်ရဘူး။ တောင်ပေါ်ကနေကြည့်ရတယ်။
အဖွားကနင်တို့ကိုငါမထိန်းနိုင်ဘူးဆိုပြီး ခေါ်တော့ခေါ်သွားတယ်။ ဈေးထဲပဲလျှောက်လည်ပြီးတော့ပြန်လာခဲ့ရတယ်။ အဲတော့ပြန်လာပြီးအိမ်အပေါ်ထပ်ကနေ မီးပုံးပျံ တွေပျံလာတာကိုပဲထိုင်ကြည့်နေရတယ်။
တောင်ကြီးတန်ဆောင်တိုင်ကို တောင်ပေါ်ကနေထိုင်ကြည့်ခဲ့ရတာပေါ့။ ကြီးရင်တော့တစ်ခေါက်
လောက်တော့ထပ်ရောက်ချင်သေးတယ်။ အဲဒီအချိန်တုန်းက အကြောင်းတွေကိုသိပ်တော့မမှတ်မိတော့ဘူး။
ရေးရေးလေးပဲသိတော့တယ်။ ခွေးသေးပန်းပင်တော့ မှတ်မိတယ် ဟီး။

အခုတော့ တောင်ကြီးတန်ဆောင်တိုင်ကို ကိုယ်တိုင်မရောက်ဖူးသေးသူတွေ ထပ်သွားချင်သူတွေ
တွေ့ဖူးကြုံဖူးသူတွေအတွက် ဒီနှစ်ကတော့သတင်းကောင်းပါ။ တောင်ကြီးချယ်ရီမြေ ဘလော့ကနေ
တောင်ကြီးတန်ဆောင်တိုင်ပွဲကို live ပြသွားမှာပါတဲ့။ ပွဲတော်ရက်တိုင်းအတွက် တစ်ရက်ချင်း
live ပြသွားမယ်တဲ့။ (၁၇) ရက်ကနေ (၂၅) ရက်နေ့အထိပါ။ အဲဒီနောက်ဆုံး (၂၅) ရက်နေ့ကျရင်
မွေးနေ့လေ။ တောင်ကြီးတန်ဆောင်တိုင်လည်ပြီးတော့ ဒီကိုလာပြီး မုန့်လာစားပေါ့နော်။
ဖိတ်ပါတယ်။ အားလုံးပဲပျော်ရွှင်ပါစေနော်။

6 people have left comments

သန့်ဇော်မင်း said:

တောင်ကြီး တန်ဆောင်တိုင်ကို တစ်ခေါက်တော့ ရောက်ဖူးတယ်။ ပျော်ဖို့ ကောင်းပါတယ်။ ဒီနှစ်တော့.. တောင်ကြီးချယ်ရီမြေကနေပဲ ကြည့်ရမယ်..။
ဒါနဲ့ ၂၅ရက်နေမှာ မွေးနေ့ဆိုတော့ ဘာတွေကျွေးမှာတုန်း...။

Winkabar said:

မုန့်ကျွေးမယ်လေ မုန့်မုန့်။ ဘာမုန့်လဲတော့မပြောတော့ဘူး။ အဲနေ့ကျရင်လာခဲ့နော်။

nu-san said:

အမလည်း တောင်ကြီးတန်ဆောင်တိုင်ကို အရမ်းလည်ချင်တာပဲ.. :)

ဝင်္ကဘာ မွေးနေ့ ၂ ၅ရက်နေ့မှာ ဆက်ဆက် မုန့်လာစားပါ့မယ်.. စိတ်ချပါ.. :D

Red's Rose Dream said:

တောင်ကြီးတန်ဆောင်တိုင်ကို တစ်ခေါက်တော့ရောက်ဖူးတယ်။
အတူတူဘဲ။ အခွင့်ရှိရင် နောက်တစ်ခေါက်တော့ သွားချင်သား။
မွေးနေ့ကိုမုန့်ကျွေးဖို့ သတိရနော်။
ချစ်သော..

Anonymous

Anonymous said:

ဒီနှစ်တော့ သွားမယ်လို့ အားခဲထားတယ်...။

Winkabar said:

အစ်မ နုစံ နဲ့ မ နှင်းဆီနီနီရေ ကျေးဇူးအများကြီးတင်တယ်နော်။
မလေးမ သွားဖြစ်ပါစေနော် ပြီးတော့ ပျော်ရွှင်ပါစေ။