Winkabar

A lot of my thoughts...

ယုံတမ်းစကား

  • Posted: 4:48:00 PM
  • |
  • Author: Winkabar
  • |
  • Filed under: tag

ယုံတမ်းစကားရေးပါတဲ့ ကိုမော်စီ ကတက်တယ်။ အဲဒါမှခက်ပြီ။
ဘယ်လိုရေးရပါ့မလဲ။ တစ်ခါမှလည်းယုံတမ်းစကားမပြောဖူးဘူး။
စဉ်းစားရင်းနဲ့ ခေါင်းတောင်နောက်လာတယ်။ တော်ပါပြီ။ မစဉ်းစားတော့ဘူး။အပြင်မှာပဲလမ်းထွက်လျှောက်တော့မယ်။ အပြင်လည်းထွက်ရော အားလားလား နည်းတာမဟုတ်ပါလား။အိမ်ရှေ့ကအပင်ကြီးမှာ စတော်ဘယ်ရီတွေသီးနေတယ်။နီရဲနေတာပဲ။စားချင်စရာကြီး။ အဲဒါနဲ့သွားခူးတော့ ဟေ့လို့အော်သံကြားတော့
ကြည့်လိုက်တာအော် စတော်ဘယ်ရီက အသက်ဝင်နေပါလား။ သူကပြောတယ် ငါတို့က စားဖို့မဟုတ်ဘူးတဲ့။
အလှထားတာတဲ့။ အော်ဟုတ်ပြီလေ။ ဒါဆိုလည်း မခူးတော့ဘူးဆိုပြီး ဆက်ထွက်လာတာ
အရှေ့မှာကားတစ်စီးကိုတွေ့ရော။ အဲဒီကားကလည်း ထူးထူးဆန်းဆန်းပါလား။
သက်တန့်လိုအရောင်ကြီးနဲ့။ဟာ မိုက်လှချည်လား။ သူ့ကိုဘယ်မှာဝယ်လဲဆိုတာသွားမေးလိုက်ဦးမယ်
ဆိုပြီးသွားတာသူက မိုးပေါ်ပျံတက်သွားတယ်။ မေးတောင်မမေးလိုက်ရဘူး။ ကောင်းကင်ပေါ်တက်သွားပြီ။

ဘယ်လိုလိုက်ရမှာလဲ။ ခက်တော့နေပြီ။ ဘာမှလည်းအဆင်မပြေပါလား။ ဒါနဲ့ ဆက်သွားတော့သူငယ်ချင်းအိမ်ကိုရောက်သွားတယ်။ တံခါးခေါက်လိုက်တော့ သူကလာဖွင့်ပေးတယ်။လာထိုင်တဲ့။ သူတို့မနက်ဖြန်ကျရင် ခရီးသွားမယ်တဲ့။ ဘယ်ကိုလဲဆိုတော့ နဂါးတိုင်းပြည်တဲ့။ဟင် နင်တို့မလို့ပေါက်ပေါက်ရှာရှာ နဂါးတိုင်းပြည် ဘာသွားလုပ်မှာလဲ လို့မေးလိုက်တော့ နဂါးတွေသွားဖမ်းပြီး
ပြစားမလို့တဲ့။ အော်ကောင်းရော။ ကြံကြံဖန်ဖန် သူတို့မလို့ ခက်ခက်ခဲခဲသွားနေသေးတယ်။
နဂါး အရုပ်တစ်ရုပ်ထုပြီး မှန်ဘောင်ထဲထည့်ပြီးပြစားလည်း ရသားနဲ့။ ဘယ်သူကသိတာ မှတ်လို့။ဒါနဲ့ သူတို့ထုပ်ပိုးနေတာကိုမနှောက်ယှက်ချင်တာနဲ့ထွက်လာခဲ့တယ်။ သတိမထားပဲလျှောက်လာတာ ရေကူးကန်တောင်ရောက်လာပါလား။ အတော်ပဲ ရေသွားကူးလိုက်ဦးမယ်ဆိုသွားတာ။
ဟာရေတွေခဲနေပါလား။ လူတွေကရေမကူးပဲ စကိတ်စီးနေကြတယ်။ ပျော်စရာကြီး။
ဒါနဲ့စကိတ်သွားစီးတော့ သိပ်မစီးတတ်တော့ချော်လဲပါလေရော။ ကောင်းရောကွာတစ်ခုမှလည်းအဆင်မပြေပါလား။ တော်ပြီ တော်ပြီ အိမ်ပဲပြန်တော့မယ်။ ဟာ ဒုက္ခပဲ လမ်းလျှောက်လို့မရတော့ဘူး။
တော်သေးတယ် လူတစ်ယောက်ကဆေးလာတိုက်တော့ သောက်လိုက်တာ ခြေထောက်က
ကောင်းသွားတယ်။ ထလည်းရပ်လိုက်ရော မိုးပေါ်ပျံတက်သွားတယ်။ ကောင်းလိုက်တာ။
အဲဒါနဲ့ပဲ အိမ်ကိုပျံလာခဲ့ပါတော့တယ်။

ယုံတမ်းစကားပါ။ ယုံချင်ယုံမယုံရင်ပုံပြင်မှတ်ပေါ့နော်။ တစ်ခါမှမရေးဖူးတော့ အဆင်မပြေရင်တော့တောင်းပန်ပါတယ်နော်။

6 people have left comments

မျှားပြာ said:

အဲလိုဆေးတိုက်မဲ့သူရှိရင်ကောင်းမယ်နော် ။

လင်း said:

သူများလဲမိုးပေါ်ပျံချင်တယ်

Anonymous

Anonymous said:

ကောင်းပါတယ် ဖတ်လို့
ဆက်ရေးနော် ညီမလေး အားပေးနေတယ်

Unknown said:

အင်း ဟုတ်တယ်နော်။ လေထဲမှာ ပျံနေတာတွေ့လိုက်သလိုပဲ။ လက်ညှိုးညွှန်ရာ ရေဖြစ်တာတို့။ ကိုယ်ပျောက်တာတို့ရော မပါတော့ဘူးလား။ ဟီးဟီး

Winkabar said:

ဟုတ်တယ်နော်ကိုမျှားပြာ။
သင်ပေးမယ်လေ အစ်မလင်းရဲ့။ ဟီး :P ။
ကျေးဇူးနော်အစ်မ chaos။
ဘယ်တုန်းကတွေ့လိုက်တာလဲ ကိုဇင်ကိုလတ်က။ မပါတော့ဘူး။ အဲလောက်မစွမ်းဘူးလေ။ :D

Anonymous

Anonymous said:

ဖိုဘီးယားရဲ့ ဆန့်ကျင်ဘက် မန်နီးယားအကြောင်းရေးပါဦး