Winkabar

A lot of my thoughts...

ဟင်းထုပ်

  • Posted: 3:40:00 PM
  • |
  • Author: Winkabar

ကိုပီကေ နဲ့ ဂျေ တို့ မေးထားတဲ့ဟင်းထုပ်လုပ်နည်းပါ။ ဒီအပတ်ပိတ်ရက်တော့
လာလည်တဲ့သူတွေကို ဟင်းထုပ်နဲ့ ဧည့်ခံပါတယ်။




Image Hosted by ImageShack.us

ဟင်းထုပ်လုပ်နည်း
လိုအပ်သောပစ္စည်းများ ( ၆ယောက်စာ )
၁) ဆန်မှုန့် ၁ ပေါင်
၂) ကြက်သွန်မြိတ် အစည်း (၂၀)
၃) ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်
၎) ဂျင်း
၅) ကြက်သွန်ဖြူ
၆) ပဲငံပြာရည်

စစချင်း ကြက်သွန်မြိတ်ကို လက်တစ်စစ် နီးပါးလောက် လှီးပါ။ ပြီးလျှင် ဆန်မှုန့်ကို
အ၀ါရောင်သန်းလာအောင်လှော်ပါ။ လှော်ပြီးရင် ဂျင်း၊ ကြက်သွန်ဖြူ တို့ကိုဆန်မှုန့်ထဲထောင်းပြီးတော့ထည့်ပါ။
ဆား(လိုသလောက်)၊ ဆိုဒါ(လက်ဖက်ရည်ဇွန်း တစ်ဝက်)၊ ကြက်သွန်ပင်တို့ကိုထည့်ပြီးရင်
ရေ ဖန်ခွက် တစ်ခွက် နဲ့ ဆီထမင်းစားဇွန်းနဲ့ (၁၅) ဇွန်းထည့် ပြီးနယ်ပါ။
ငှက်ပျောရွက် ကိုအနေတော်လောက်ဖြတ်ပြီး ခုနကနယ်ထားတဲ့ဟာကို ငှက်ပျောရွက်ပေါ်မှာ
ဇွန်းတစ်ဇွန်းမောက်မောက်ထည့်ပါ။ ငှက်ပျောရွက်ကိုအချောဘက်ကိုအထဲမှာထားပြီးတော့ထုပ်နော်။
ပြီးရင် ခေါက်ပြီး သွားကြားထိုးတံနဲ့ ထိုးပြီးပိတ်လိုက်ပါ။ အဲဒါတစ်ထုတ်ပေါ့။ နယ်ထားတဲ့အသားကုန်အောင်ထုပ်ပြီးရင်တော့
ပေါင်းအိုးနဲ့ အနည်းဆုံး (၄၅)မိနစ်လောက်ပေါင်းလိုက်ပါ။ ပြီးရင်တော့ဆီချက်ဖြူးပြီးတော့ စားလို့ရပါပြီ။

10 people have left comments

မျှားပြာ said:

ရှိသေးရင် နည်းနည်းကျွေးပါ ...း)

ပီကေ said:

ကိုယ့်ဖာသာ လုပ်စားကြည့်လိုက်ဦးမယ်။ ပြီးရင် လှမ်းပို့လိုက်မယ် နော်။

Anonymous

Anonymous said:

ကြည့်ရုံနဲ့တင် စားချင်လာပီ။
အဲ့ဒါ အင်းလေးက ဟင်းထုတ်မဟုတ်လား။
အရမ်းကြိုက်တယ်ဗျ။
နှင်းဆီနီနီ။။

nu-san said:

အမကတော့ ဟင်းထုပ် မစားဖူးသေးဘူး.. စမ်းပြီး လုပ်စားကြည့်ရမယ်.. :)

hnin said:

ညီမလေးက တော်လိုက်တာ။ မတော့ ခုထိ ထင်းအိုးတောင် ပျော့ မာ မှန်အောင် မချက်တတ်သေးဘူး။ မဂွတ်ဘူးနော်။

Anonymous

Anonymous said:

စားချင်လာပြီကွ....တောင်ကြီးရောက်ရင် သွားစားမယ်ကွ....။

Yan said:

ဂလု...
ရှလွတ်..
ဒါမျိုးလေးတွေ ထပ်တင်ပါဦး...

Thinzar said:

ကိုယ်တိုင် လုပ်ထားတာလားဟင်??? တော်တယ်ကွာ..

ထွန်း said:

ညီမ ကျေးဇူးတင်ပါသည်။ ချက်ကျွေးလျှင် အလျှံအပါယ် ပိုကျေးဇူးတင်ပါမည်။

လောလောဆယ် မျက်စိဖြင့် ဟဲသွားသည်။

Cho said:

ဝက်သားဟင်းထုတ် ကရော လုပ်နည်းတူလားဟင်.။ ၀က်သားပါ တခါတည်း ထည့်နယ်လိုက်ရမလားဟင်.