Winkabar

A lot of my thoughts...

မွေးနေ့

  • Posted: 8:16:00 AM
  • |
  • Author: Winkabar

ဘာလိုလိုနဲ့မွေးနေ့တောင်ရောက်လာပြီ။ (၁၈) နှစ်ပြည့်တာပါ။

မွေးနေ့အတွက် ပို့စ်တင်ပေးတဲ့ သူငယ်ချင်း သဲကိုကျေးဇူးအများကြီးတင်ပါတယ်။
မွေးနေ့အတွက်ဆုတောင်းပေးတဲ့သူများအားလုံးကိုလညးကျေးဇူးတင်တယ်နော်။ ဒီမှာက အခုမှ (၂၅) ရက်လေ။
နောက်မကျသေးပါဘူး။ အချိန်သိချင်ရင် ဟိုးအောက် cbox ပေါ်က နာရီမှာကြည့်လို့ရတယ်။ အဲဒါ က
အခုနေတဲ့နေရာရဲ့အချိန်လေ။

မွေးနေ့ဆိုတော့မုန့်ကျွေးမယ်နော်။
အ၀စားသွားကြပါ။ ကုန်မှာလည်းမပူပါနဲ့။ ပြန်ဖြည့်ပေးမယ်။ :D









အချိုပွဲပါ






အားလုံးပဲ ပျော်ရွှင်ကြပါစေ။

36 people have left comments

ပီကေ said:

အရင်ဆုံး လက်မနှေးတမ်း လာစားသွားတယ်ဟေ့။ အကုန်ခင် အပြေးအလွှား လာရတာ။ ဟိုမှာ သူများ မစားရအောင် သဖြဲနဖြဲ ဆွဲမယ့် လူတွေ ရှိနေတယ်လေ။ လက်ဦးထားမှ ဖြစ်မယ်။ မွေးနေ့မှ သည် နောက်နှစ်ပေါင်း
( ၀၀၀၀၀) တိုင်အောင် အသက်ရှည်ပါစေ။ စိတ်ချမ်းသာပါစေ။ အနာဘယ ကင်းဝေးပါစေ။ နောင်လည်း အခုလို တ၀တပြဲ ကျွေးနိုင်ပါစေ။ အဟိ လိုရာ အားလုံး ပြည့်စေသော်ဝ် ........................

မေပျို said:

နှင်းနုရေ
အရင်ဆုံး ရောက်အောင် လာတာပဲ။ ဒါပေမယ့် ဟိုလူကြီးက ဦးသွားတယ်။ မွေးနေ့မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုအင်ဆန္ဒပြည့်ဝပါစေနော်။

လင်း said:

Happy Birthday ၀ါကပင်လေးရေ..
မုန့် တွေလဲအ၀တုတ်သွားတယ်နော်

နှင်းပွင့်ဖြူ said:

ပျော်ရွင်သော မွေးနေ့လေးဖြစ်ပါစေ ၀င်္ကပါလေး....
မုန့်ကတော့ ဘယ်ရမလည်း အ၀ တွယ်သွားတယ်
ပါဆယ် ထုပ်သွားလို့ မရဘူးလား... ညစာပေါ့ ဟီဟီး

မွေးနေ့ပေါင်းများစွာ ဒီထက်မက ၊ ဒီထက်ကောင်းတာ ကျွေးနုင် ပါစေသား......

ခင်တဲ့
နှင်းပွင့်ဖြူလေး

မျှားပြာ said:

မွေးနေ့မှသည် သက်ဆုံးတိုင် လောကအတွက် အကျိုး
ပြုနေတဲ့ ကောင်မလေးအတွက်အဖြစ် ရပ်တည်နိုင်ပါစေဗျာ.

အသောက်လည်း မပါဘူးနော် ...။
အအေးတို့ ရေတို့ ပြောပါတယ် ဟတ် ဟတ် ဟတ် ။

ဆိုးသွမ်း said:

နည်းနည်းနောက်ကျသွားတယ်...အကြွင်းအကျန်
လေးများ ရှိသေးလား။ ညီမလေးရ။ ကြိုက်မရှက် ငိုက်မရှက်တဲ့...အခုလည်း ငတ်မရှက်ဖြစ်နေပြီ။
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ အခက်အခဲတိုင်း
ကို ရင်ဆိုင်ကျော်လွှားနိင်ပါစေ။

ဆိုးသွမ်း။

Nyein Chan Aung said:

အန်တီပိစိလေးတောင် အသက် ၁၈ ပြည့်ပြီပေါ့နော်..။ ဒီမွေးနေ့မှသည် ဘ၀တလျှောက်လုံး အခက်အခဲ အတားအဆီး အားလုံးကို ကျော်လွှားပြီး အလိုဆန္ဒများ ပြည့်ဝပါစေ ပိစိရေ..။ မုန့်တွေကလည်းကောင်းမှကောင်းပဲဗျာ..

Nyein Chan Aung said:

Wishing you a happy birthday and may all happiness and good luck bring to you throughout your life. Have a successful life.

Anonymous

Anonymous said:

ညီမလေး....၁၈ နှစ်ပြည့်သွားပြီဆိုတော့ လူလားမြောက်သွားပြီ....။ ၁၀ နှစ်ကြီးတဲ့ အစ်မကြီးတစ်ယောက်အနေနဲ့  ချရာကြီးလုပ်ပြီး ဆုပေးခဲ့ဦးမယ်...။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့  သာယာတဲ့ ဘ၀တစ်ခုတည်ဆောက်နိုင်ပါစေ.....။

tuzzaung said:

ညီမလေးရေ...
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ...နော်။
၁၈နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင်
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာစွာနဲ့ အများအကျိုးသယ်ပိုးနိုင်သူ တစ်ယောက်ဖြစ်ပါစေ...။
အောင်မြင်၊ပျော်ရွှင်နိုင်ပါစေ...။

nu-san said:

ဝင်္ကဘာလေး မွေးနေ့ကို အမ သတိရပါတယ်... အလုပ်ရှုတ်နေလို့ အခုမှ လာဖြစ်တာပါ... နောက်မကျသေးပါဘူးနော်.. :P

အခု ၁၈ နှစ်ပြည့်ပြီဆိုတော့ ညီမလေး လူကြီးဖြစ်ပြီ.. :D :D

ဝင်္ကဘာလေး ၁၈ နှစ်မြောက်မွေးနေ့မှာ ပျော်ရွှင်ပါစေ.. ဘ၀ နဲ့ ဆန္ဒ တထပ်တည်းကျသောသူဖြစ်ပါစေ... လို့ ဆုတောင်းပေးပါတယ်...

ကဲ.. ဆုတောင်းပေးပြီးသွားပြီနော်.. မုန့်စားတော့မယ်.. :)

metta campaign said:

မွေးနေ့ဝင်္ကပါ ချိုမြိန်ပါစေ….

Anonymous

Anonymous said:

ချစ်ညီမလေးပိစိကွေးရေ
မွေးနေ့မှာ ပျော်ရွှင်ပြီး
ဘ၀တလျောက်လုံး
လိုရာဆန္ဒတွေပြည့်နိုင်ပါစေနော်
ညီမ ဖြစ်ချင်တာရယ်
ဖြစ်သင့်တာရယ်
ဖြစ်သွားတာရယ်
တထပ်တည်းကျပါစေနော်
အမဆုတောင်းလိုက်ပါတယ်

မိုးချစ်သူ

NatShinNaung said:

တနင်္ဂနွေ ပြောထားလို့ အမှီပြေးလာတာ. နောက်မကျပါဘူးနော်. မွေးနေ့မှသည် နောင်နှစ်ပေါင်း ၁၂၀ တိုင်တိုင် ရောဂါဘယ ကင်းရှင်းပြီး ပျော်ရွှင်နိုင်ပါစေဗျာ.

Yan said:

ပျော်ရွှင်စရာ မွှေးနေ့ပွဲလေးဖြစ်ပါစေ ညီမလေးရေ...

စာကောင်းပေမွန်တွေလည်း ဆက်လက်ရေးသားပြုစုနိုင်ပါစေဗျာ..

ခင်မင်လေးစားလျက်

ရန်အောင်

Anonymous

Anonymous said:

ငါ့ညီမလေးဘ၀တစ်လျှောက်လုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးချစ်ခင်နှစ်သက်သူတွေနဲ့ ပဲဆုံဆည်းပါစေဗျာ။လူကြီးဖြစ်ပြီဆိုတော့မြန်မာမိန်းကလေးပိုပီသပြီပေါ့။

စိုးထက် - Soe Htet ! said:

ဝေးး လူကြီး ဖြစ်သွားပြီနော .. ပိုပြီး သတိနဲ့ နေရတော့မယ် အားလုံး အဆင်ပြေ ပျော်ရွှင် ငြိမ်းချမ်းပါစေ ၀င်္ကပါရေ ... :D

Chit Lay Pyay said:

Happy Birthday ပါ ညီမငယ်လေး၊ ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ။ မွေးနေ့မှာ ပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံပါစေ၊ လိုအင်ဆန္ဒ တလုံးတ၀နဲ့ ပြည့်စုံပါစေ၊ အသက်ရာကျော်ရှည်ပါစေကွယ်၊

Anonymous

Anonymous said:

ညီမလေး ဝင်္ကပါရေ...
ပျော်ရွှင်ဖွယ်ရာမွေးနေ့လေး ဖြစ်ပါစေခင်ဗျာ...။

မြရွက်ဝေ said:

သိတာနောက်ကျသွားတယ်။
"ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ၊ ချစ်သောသူများနှင့်အတူအမြဲနေနိုင်ပြီး၊ ဘဝရဲ့အောင်မြင်မှုများကိုလည်း ပိုင်ဆိုင်နိုင်ပါစေ ညီမရေ"
ထမင်းကြော်၊ ဆူရှိ၊ ရေခဲမုန့် အကုန်စားသွားတယ်။ oishii :)

Editor said:

happy birthday ပါ။
ဒါကတော့ present အနေနဲ့ happy birthday MP3 ပါ။
http://www.esnips.com/doc/5663a98c-1cee-4bee-91d7-a08a84aa30f9/happybirthday
ကျန်တာတွေကုန်သွားလို့..
ရေခဲမုန့်အ၀တီးသွားတယ်။

Thinzar said:

့HAPPY BIRTHDAY ညီမရေ.. အမြဲ ပျော်ရွှင် နိုင်ပါစေ..
(ဆူရှီ တစ်ပန်းလုံး မသွားပြီ။) =)

သန့်ဇော်မင်း said:

ဝင်္ကဘာလေးရေ...
ဘ၀တစ်သက်စာထဲက အမှတ်တရ နေ့လေးတစ်နေ့ကို ရောက်ခဲ့ပြီပေါ့။
၁၈ နှစ်မြောက်မွေးနေ့မှသည် ဘ၀တစ်သက်လုံး ပျော်ရွင်မှုတွေနဲ့ ထာဝရပြည့်ဝလို့ မှန်ကန်တဲ့ ဘ၀လမ်းမှာ လျှောက်လှမ်းနိုင်ပါစေနော်။

ခရီးသွားနေလို့ .. မွေးနေ့ဆုတောင်းနောက်ကျသွားတယ်.. ဆောရီးပါနော် ညီမရေ...

tzm

Mintasay said:

ညီမရေ...မနက်ခင်းက နိုးထလာခဲ့ပြီဆိုရင်
ဟိုး..............အပြင်ကို လှမ်းကြည့်လိုက်ပါ။
တေးသီနေတဲ့ ကျေးငှက်တွေရဲ့ အော်မြည်သံတွေ
လမ်းမပေါ်မှာ အော်ဟစ်နေတဲ့ မော်တော်ကားတွေရဲ့ရီသံတွေ
မြက်ခင်းတွေပေါ်ခုန်ပေါက်နေတဲ့ နှင်းစက်တွေရဲ့ ပျော်ရွှင်သံတွေ
အဲဒါတွေက .......................................တခြားမဟုတ်ပါဘူး
၂၅ နိုဝင်ဘာမှာ ကလေးဘ၀ကို အတိတ်မှာ ချော့သိပ်ချန်ရစ်ခဲ့ဖြစ်ပြီ်တဲ့
ဝင်္ကပါဆိုတဲ့ ချစ်စရာ မိန်းကလေးတစ်ယောက်ရဲ့
ပထမဆုံး အပျိုမ မနက်ခင်းကို ၀ိုင်းဝန်းကြိုဆိုနုတ်ဆက်ကြတာပါ....။

Anonymous

Anonymous said:

မုန့် လာစာတာနောက်ကျသွားပြီလားမသိ
အခုမှ ( ၁၈ ) နှစ်ပြည့်တာလားးဒါဆိုညီမလေးပေါ့ဗျ
ှ( ၁၈ ) နှစ်ပြည့် မွေးနေ့ မှသည် မွေးနေ့ တိုင်းကိုပျော်ရွှင်စွာ စဉ်နွဲနိုင်ပါစေဗျာ..
ရည်မှန်းချက်တွေ အောင်မြင်ပြီး ထာဝရပျော်ရွှင်တဲ့ ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေ.........

tayzar said:

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ ညီမရေ အကို ဆုတောင်းနောက်ကျနေတာ စိတ်မဆိုးပါနဲ့နော်။ ဘယ်လိုလဲ မုန့်ရော ကျန်သေးရဲ့လား =)

Chaos said:

ဒီနေ့ညီမလေးမွေးနေ့မှန်းမသိဘူး
မွေးနေ့မှာပျော်ရဲ့လား
ကောင်မလေးရေ
ဘာတွေလုပ်လဲ အိမ်မှာ

နှင်းသဇင် said:

မမရေ ဖြစ်ချင်တာတွေ ဖြစ်ရပါစေ လို့ဆုတောင်းပေးပါတယ် ကျောင်းကနေပြန်ရောက်ရောက်ချင်း အပြေးအလွှားလာတာ နောက်ကျသွားပြီ ထင်တယ်

hnin said:

မမကို သူငယ်ချင်းတွေက ဟိုးငယ်ငယ်ကတည်းက စတယ်။ အမြဲနောက်ကျတတ်လို့လေ။ မျိုးကျော့မြိုင်သမီးတဲ့။ အဲဒီသီချင်းပေါ်ပြီးတော့ ခေါ်ကြတာ။ ခုလည်း နောက်ကျပြီလားလို့... ခုမှ 18 နှစ်ရယ်၊ တော်လိုက်တာ ငါ့ညီမရယ်...

MELODYMAUNG said:

Happy Birthday sis!
ညီမလေးရေ မွေးနေ့အတွက် ပို့စ်တင်ထားတယ်ကွ လာဖတ်ပြီး စိတ်မဆိုးနဲ့နော် ဟာသ ဟာသ :)

Winkabar said:

အားလုံးဆုတောင်းပေးတာကျေးဇူးအများကြီးတင်တယ်နော်။
နောက်ကျလည်းကိစ္စမရှိပါဘူး။ တစ်ယောက်တစ်မျိုးဆုတွေ
အမျိုးမျိုးပေးကြတာ အရမ်းပျော်တာပဲ။ ကျေးဇူးအများကြီးတင်ပါတယ်။

သုလွန်းအိမ် said:

ညီမလေး ၀င်္ကပါရေ ..

A very happy birthday to you !!
Every single great thing you want in your life come to you from this very special day of yours.

နောက်ကျသွားတာ sorry နော်။ တော့တိုး အရမ်းအရမ်းကို အလုပ်ရှုပ်နေလို့ပါ။ စိတ်များ အလုပ်များနဲ့ ဖြစ်နေပေမယ့် ကိုယ့်မောင်နှမတွေကို သတိရပါတယ်။

ကျန်းမာရွှင်လန်းပါစေနော်။

Red's Rose Dream said:

ကဲကဲ နောက်ဆုံးမှရေးလဲ ရေးတာဘဲပေါ့နော်။
မွေးနေ့တုန်းက လာစားသွားတာ။
စာတော့ နောက်မှ ရေးမယ်ပေါ့။
ပြီး တော့ မေ့နေရော။ ဟဲဟဲ
စားပြီး နားမလည်လို့ တော့ မပြောပါနဲ့ ကွယ်။
ပျော်ရွှင်ပါစေနော်။
မွေးနေ့တင်မဟုတ်ပါဘူးကွယ်။
နေ့တိုင်း ပျော်ရွှင်ပါစေလို့ ဆူတောင်းပေးမယ်နော်။

Moesat said:

ဘ၀မှာ ရှင်သန်နေထိုင်စဉ်ကာလ အတွင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ အများအကြိုးရွက်သယ် ပိုးနိုင်တဲ့ ကောင်မလေး တစ်ယောက် ဖြစ်ပါစေဗျာ

Anonymous

Anonymous said:

HAPPY BIRTHDAY BABY,,I EAT ALOT OF FOOD AND SUSHI,,BUT,I DIDN'T GET TO EAT U R BIRTHDAY CAKE.....

ထွန်း said:

နောက်ကျမှ မွေးနေ့ ဆုတောင်း တောင်းရတော့ အသက် နောက်ကျမှ ကြီးတာပေါ့လေ ဟုတ်ဘူးလား။ မွေးနေ့ မှ သည် သက်ဆုံးတိုင်သို့  ဖြစ်ချင်ရာ ဖြစ်လိုရာ ကို အခက်ခဲကျော်လွှား ပြီး အောင်မြင်စွာ ရနိုင်ပါစေလို့  နော်....

Commentors on this Post-