Winkabar

A lot of my thoughts...

ကြောက်သောသတ္တ၀ါ

  • Posted: 1:08:00 PM
  • |
  • Author: Winkabar
  • |
  • Filed under: tag

အစ်မမီးလေးက ကြောက်တဲ့သတ္တ၀ါအကြောင်းရေးပါတဲ့တက်ထားတယ်။
မနှင်းဆီနီနီကလည်းလာပြောသွားတယ်။


ကြောက်တဲ့အကောင်တွေကတော့အများသား။
ဟိုဟာတွေ့လည်းကြောက် ဒီဟာတွေ့လည်းကြောက်နဲ့။
ဒါပေမဲ့ တော်တော်များများကိုတော့တွေ့ရင် နည်းနည်းပါးပါးမကြောက်သလို
ဟန်ဆောင်ပန်ဆောင်နေလို့ရတယ်။ ဟန်မဆောင်နိုင်အောင်ကြောက်တာကတော့


ပိုးဟပ်ပါ။ ပိုးဟပ်တွေ့ရင်ဘာမှန်းကိုမသိဘူး။ ထခုန်ပြီး ပိုးဟပ်လို့အော်ပြီးပြေးနေရတယ်။
အိမ်မှာက ထမင်းစားခန်းနဲ့မီးဖိုကြားမှာခန်းဆီးတပ်ထားတယ်။ အဲဒီခန်းဆီးကိုမလိုတော့
သိပ်မသုံးဖြစ်ဘူး။ ချထားတော့ခလုတ်တိုက်တော့ထုံးထားတာ။ ပိုးဟပ်တွေအတွက်
ဗိမာန်တွေ့ထားလားအောက်မေ့ရတယ်။ တစ်ခါတစ်လေ လိုလို့ခန်းဆီးကိုချလိုက်ရင်
အားလားလားနည်းတာမဟုတ်ဘူး အုပ်စုလိုက်ကြီး။ တစ်ခါတစ်လေမရှိဘူးဆိုရင်တောင်
(၅)ကောင်လောက်ရှိတယ်။ သေပါတော့။ ချမိချမှား။ ပြေးတော့တာပဲ။ ပိုးဟပ်လို့အော်ပြီး။
အိမ်ထဲမှာတစ်ယောက်မှ ပိုးဟပ်မကြောက်ဘူးဆိုတော့လေ အမြဲအစခံရတာပဲ။
ပိုးဟပ်ကလည်းကြောက်တဲ့လူဆို အနားသိပ်ကပ်ချင်လားမသိဘူး။
အမြဲပဲခြေထောက်ပေါ်ဖြတ်ပြေးရတာနဲ့ ကိုယ်ပေါ်တက်ရတာနဲ့။ ကြောက်လွန်းလို့ပါဆို။
သူများတွေကိုတော့တစ်ခါမှ မတက်ဘူး။ တစ်ခါတစ်လေကျရင်လည်း ထပျံနေတာ
အိမ်ထဲမှာ။ သူလုပ်လို့ရုပ်ရှင်မကြည့်ရတဲ့ရက်တွေလည်းမနည်းဘူး။ (၇) နာရီကားလာရင်
အိမ်သာထဲဝင်နေရင်လည်း အိမ်သာမတက်ရပြန်ဘူး။ တော်တော်ဒုက္ခပေးတဲ့ ပိုးဟပ်ပဲ။

လူကြားထဲမှာပိုးဟပ်တွေ့လို့အော်မိရင်မလွယ်ဘူး။ တော်တော်အရှက်ကွဲမှာ။
တစ်ခါကကျောင်းမှာ ပိုးဟပ်တစ်ကောင်က ယောကျာ်းလေးတွေဘက်ကိုလာတော့
သူတို့က အပေါ်ကအမွှေးနှစ်ချောင်းကို ကိုင်ပြီး မိန်းကလေးတွေကို လိုက်စတယ်။
မနည်းကိုအောင့်ထားရတယ်မအော်အောင်။ တစ်ချို့
ကောင်မလေးတွေက အော်လို့ အစခံလိုက်ရတယ်။ ကိုယ်တော်ချောတို့ကလည်း
တော်တော်နဲ့ကိုသွားမပစ်ဘူးအပြင်ကို။ တစ်ခန်းလုံးလှည့်နေတာ အဲဒီ
ပိုးဟပ်ကြီးကိုမြှောက်ပြီးတော့။ အရှေ့နားကိုရောက်လာသေးတယ်။ ကြောက်လိုက်တာ
မပြောနဲ့တော့။ ကြက်သီးတောင်ထတယ်။ တော်သေးလို့အစခံမထိတာ။

8 people have left comments

Anonymous

Anonymous said:

လာလည်တယ်ဗျာ...
လာလည်သွားတဲ့အတွက်လည်းကျေးဇူး..

ကိုယ်ကပိုးတိုင်း သူများက ဟပ်ဟပ်သွားရင်လည်း ပိုးဟပ်လို့ခေါ်တယ်..ဟဲ..ဟဲ

Anonymous

Anonymous said:

ကိုယ်ကြောက်တက်တာကို ရေးရဲလို့ကျေးဇူး။
ပိုးဟယ်မြင်တိုင်း အူယားတာချင်းတူတဲ့တူနယ်ချင်းမလေး။
နှင်းဆီနီနီ။။

metta campaign said:

တစ်ကောင်တည်း ဒါပေမယ့် ပိုးဟပ်

သန့်ဇော်မင်း said:

မိန်းခလေး တော်တော်များများက ပိုးဟပ်နဲ့ ကြွက်ကို ကြောက်ကြသလိုပဲနော်.. :D

JulyDream said:

ကျွန်တော်ကတော့ ပိုးဟပ်ကို မကြောက်ဘူး ခင်ဗျ။ ပိုးဟပ်မြင်ရင် နှုတ်ခမ်းမွေး လိုက်ဆွဲပြီး တွဲလောင်းလေး ကိုင်ထားလေ့ ရှိတယ်။

Anonymous

Anonymous said:

ပိုးဟပ်ကြောက်တယ်တဲ့လား ညီမလေး၊ မကတော့ ကြွက်ကြောက်တယ်။ မြင်လို့ကိုမရဘူး။ ဘယ်လို အူထဲအသည်းထဲကနေကို ယားလာမှန်းမသိဘူး။
အေးချမ်းသူ

Su said:

ကျနော် ကျတော့ ဖားကြောက်တာဗျ။ပိုးဟပ်
ကျတော့ လန့်တယ်ဗျ။ဟဲ ဟဲ ;)

Winkabar said:

thinker> မှတ်သားလောက်ပါပေတယ်။ :P
နှင်းဆီနီနီ> အစ်မကိုလည်းကျေးဇူးတင်ပါတယ်
metta campaign>ဟုတ်ပါ့။
tzm > ဟုတ်မယ် ဟုတ်မယ်။
july dream> အစ်ကိုနဲ့ဆုံရမှာတောင်ခပ်လန့်လန့်ပဲ။
သိုးမလေး> ဟုတ်တယ်အစ်မ
ဆု> ကြောက်တာနဲ့လန့်တာမတူဘူးလား။