Winkabar

A lot of my thoughts...

နှုတ်ခွန်းဆက်သခြင်း

  • Posted: 8:56:00 PM
  • |
  • Author: Winkabar

နောက်ဆုံးတော့လည်း စာမေးပွဲတွေအားလုံးအောင်အောင်မြင်မြင်နဲ့ပြီးသွားပါပြီ။ ဒီကြားထဲသတိတရနဲ့လာရောက်ဆုတောင်းပေးတဲ့ သူတွေကော၊ လာလည်ကြတဲ့သူတွေကော၊ တိတ်တိတ်လေးလာချောင်းသွားတဲ့သူတွေကော အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်။ မအားလို့ ပြန်မပြောတာတို့ နှုတ်မဆက်ဖြစ်တာတို့ အတွက်တောင်းပန်ပါတယ်နော်။ စာမေးပွဲအတွက် စာတွေကအရမ်းများနေတာ။ ပုံမှန်ဆိုရင် semester တစ်ခုကို သုံးခန်းပဲယူရမှာပါ။ ကိုယ်နိုင်ရင်တော့ပိုယူလို့ရပါတယ်။ နိုင်မယ်ထင်ပြီး လေးခန်းယူလိုက်တာ

နောက်ဆုံးစာမေးပွဲကျတော့ခံရတော့တာပဲ။ တခြားအတန်းတွေကအရေးမကြီးပါဘူး။ အဓိက က Bio။ စာကလည်းခက်၊ ဆရာမသင်တာကလည်းပျင်းဖို့ကောင်း နောက်ပြီးတော့ အတန်းထဲမှာလည်းအိပ်ငိုက် :P ။ အဲလို အားလုံးစုနေတော့ Bio ဆိုမကျက်ချင်ပဲပစ်ထားတာ စာမေးပွဲနီးတော့ အသေကျက်နေရတာ။ တစ်ခါတစ်လေကျတော့လည်း သြော်.. တော်ပါပြီရသလောက် ပဲဖြေတော့မယ်လို့စဉ်းစားပြန်တော့လည်း မဖြစ်သေးပါဘူး ငါအရှေ့က စာမေးပွဲတွေမှာ အမှတ်သိပ်ကောင်းတာမဟုတ်ဘူး ဆိုပြီးပြန်ကျက်ရပြန်ရော။ ဒီလိုပဲကျက်လိုက် မကျက်ချင်လိုက်နဲ့ သံသရာလည်နေတာ နောက်ဆုံးတော့လည်း အဆင်ပြေပြေပဲ ဖြေနိုင်ပါတယ်။ မေးခွန်းကလွယ်တာလည်းပါတယ်။

ကံကောင်းသွားတာပေါ့။ ဆုတောင်းပေးကြတာအားလုံးကျေးဇူး။ တစ်ခါတစ်လေ စိတ်ဓာတ်တအားကျလာတာ။ ဘာမှကိုမလုပ်ချင်တော့ဘူး။ ဒါပေမဲ့ ဖြေနိုင်ပါစေတို့ ဆုတောင်းပေးပါတယ်တို့ ရေးသွားတာတွေကိုပြန်စဉ်းစားလိုက်ရင် အားပြန်တက်လာတယ်။ ဒါနဲ့ပဲအားဖြည့်ပြီး ကျက်လို့ ဖြေနိုင်ခဲ့တာပါ။

စာမေးပွဲကြောင့် နားထားတာလည်းတော်တော်ကြာသွားပြီ။ အခုအားလုံးပြီးသွားပြီဆိုတော့ ပုံမှန်အတိုင်းပဲပြန်လည်ပတ်ပါတော့မယ် ဆိုတဲ့အကြောင်းကို ဒီပို့စ်လေးနဲ့ပဲပြန်ပြီး နှုတ်ခွန်းဆက်သပါတယ်။ အားလုံးပဲမင်္ဂလာပါ။

6 people have left comments

Anonymous

Anonymous said:

မင်္ဂလာပါညီမလေးရေ...
ညကတောင်သတိရလို့ တစ်ချက်လာချောင်း သွားသေးတယ။်
အိပ်ယာနိုးနိုးချင်း ညီမလေးရဲ့ဖြေနိုင်တယ်ဆိုတဲ့ စကားကြားရတာမင်္ဂလာတစ်ပါးပါပဲ။
ဝမ်းသာပြီးပြေးလာကြည့်တယ်နော်။
ပို့စ်တွေအတိုးချပြီးရေးတော့မယ်မဟုတ်လား။

Nyein Chan Aung said:

စာမေးပွဲတွေအားလုံး အောင်အောင်မြင်မြင် ပြီးသွားပြီဆိုတာ သိရလို့ အရမ်းဝမ်းသာတယ် ပိစိ..။ ကျောင်းပိတ်ရက်တွေမှာ ပိစိ ကိုယ်ပိုင်အချိန်တွေရပြီပေါ့နော်..။

Anonymous

Anonymous said:

အစ်မတော့ဘိုင်အိုကြောင့်ထိုင်ငိုခဲ့ရဖူးပါတယ်။

nu-san said:

စာမေးပွဲဖြေနိုင်တယ်ဆိုလို့ ၀မ်းသာပါတယ် ၀င်္ကဘာလေးရေ.. ပုံမှန်အတိုင်း လည်ပတ်မယ်ဆိုလို့ ပိုလို့တောင် ၀မ်းသာမိပါသေးတယ် ညီမလေးရေ... :D

Winkabar said:

tutu> ကျေးဇူးအထူးပါအစ်မရေ။ အပြေးလာကြည့်တယ်ဆိုလို့ ၀မ်းသာပါတယ်။ အတိုးချပြီးရေးမလား မရေးလားတော့မပြောတတ်သေးပါဘူး။ အခြေအနေအရပေါ့နော်။ အားတော့အရင်ကထက်တော့ရေးဖြစ်မှာပါ။

nyein chan aung> ဟုတ်ကဲ့ပါအစ်ကိုရေ။ ကိုယ်ပိုင်အချိန်တွေရတာပေါ့။ ကျေးဇူးနော်။

angel> ဘိုင်အိုထိုင်ငိုဆိုတာ ထုံးစံထင်တယ်နော်။ သမီးလည်းငိုရတော့မလို့နည်းနည်းပဲလိုတယ်။

nu-san> ကျေးဇူးပါနော်အစ်မ။ အခုလိုသတိတရလာလည်တာဝမ်းသာပါတယ်။

ထွန်း said:

တော်တာပေါ့ ကျက်နိုင်တာ... အောင်ပါစေကွယ် ဂရိတ်ကောင်းကောင်းနဲ့ 