Winkabar

A lot of my thoughts...

Merry Christmas To You All

  • Posted: 5:59:00 PM
  • |
  • Author: Winkabar




အားလုံးပဲပျော်ရွှင်ဖွယ် ခရစ္စမတ် လေးဖြစ်ပါစေနော်။ ဒီခရစ္စမတ်မှာဘာတွေလုပ်မယ်လို့စိတ်ကူးထားလဲ။ နောက်ပြီး နောက်ရက်အနည်းငယ်လောက်ကြာရင် နှစ်သစ်ရောက်တော့မယ်လေ။ နောက်နှစ်သစ်မှာ ဘာအကြောင်းအရာတွေ၊ ဘာရည်မှန်းချက်တွေနဲ့ နှစ်သစ်မှာလုပ်ဖို့စိတ်ကူးထားကြလဲ။ ကျောင်းမပိတ်ခင်က ဆရာမတစ်ယောက်ကပြောလိုက်တဲ့လုပ်ခိုင်းလိုက်တဲ့ အစီအစဉ်လေးတစ်ခုကိုလက်ဆင့်ကမ်းပါရစေ။ သူပြောတာကတော့.....

နောက်နှစ် တစ်နှစ်စာအတွက်ကိုယ်လုပ်မယ့်အကြောင်းအရာတွေ၊ ရည်မှန်းချက်တွေကို ခရစ္စမတ်နေ့မှာစာရွက်တစ်ရွက်မှာချရေးလိုက်ပါတဲ့။ အဲဒီစာရွက်ကို ကိုယ့်ရဲ့အ၀တ် ဘီဒိုလိုမျိုးကိုယ်အမြဲထိတွေ့နေမယ့်နေရာမှာထားထားပါတဲ့။ ပြီးတော့မကြာခဏထုတ်ကြည့်ပါတဲ့။ နှစ်သစ်အတွက်အစီအစဉ်အကြမ်းဆွဲလိုက်သလိုမျိုးပေါ့။ ကိုယ့်ကိုယ်ကိုဒီနှစ်မှာလက်ဆောင်ပေးတယ်လို့သဘောထားပါတဲ့။ စမ်းကြည့်လိုက်ပါ။ ဒီနည်းကအထောက်အကူတော့ဖြစ်မှာပါ။ ဘာပဲပြောပြော ကိုယ်ဘာလုပ်ချင်တယ် ဘာတွေဖြစ်မြောက်သွားတယ်ဆိုတာတော့အကြမ်းဖျင်းသိမှာပါ။

အားလုံးပဲကိုယ်ရည်မှန်းထားသမျှအားလုံးဖြစ်မြောက်အောင်မြင်နိုင်ကြပါစေ။

11 people have left comments

Anonymous

Anonymous said:

New year resolution are easy to make and hard to accomplish. Anyway to have a goal is better than to have nothing. :)
နှစ်သစ်မှာပျော်ရွှင်ပါစေ ညီမလေးရေ။

ပီကေ said:

နှစ်သစ်မှာတော့ လူကြီးက ဟောင်းနေပေမယ့် စိတ်သစ်၊ အတွေးသစ်၊ အကြံအစည်သစ်နဲ့ ရှယ် ပလန်ချပြီး ခပ်မိုက်မိုက် ကျဲပစ်လိုက်မယ်။ Merry Christmas ပါ ညီမပိစိ။ New Year အတွက်ကတော့ နောက် တစ်ပတ်မှ လာနှုတ်ဆက်တော့မယ်။

နရစိုး said:

အင်း ငါလဲရေးထားတယ်လေ
၁. ကျောင်းလခပေးရန်
၂. ဘက်စ်ကားကဒ် top-up လုပ်ရန်
၃. ဖုန်း bill ဆောင်ရန်
၎. အိမ်လခ ပေးရန် ( လ. အသစ်ရောက်ပြီကိုး )
၅. utility bill ပေးရန်
၆. ဟဲဟဲ .. ဟဲဟဲ ဆက်ပြောတော့ ဘူး =p

သဇင်ဏီ said:

Thxs 4 ur wish sis :)
MERRY X-MAS TO YOU :)
ဆီဗုံးမတွေ့လို့ ဒီမှာရေးလိုက်တာ.

Anonymous

Anonymous said:

နှစ်သစ်မှာပျော်ရွှင်ပါစေကိုဇီးကွက်ရေ။

အောင်မြင်ပါစေနော်ကိုပီကေရေ။ Merry Christmas ပါ။

အင်းမပြောနဲ့တော့လုပ်လုပ်။ အောင်မြင်ပါစေနော်။

ဆီဗုံးရှိပါတယ်အစ်မရဲ့။ ဘေးမှာ။ Merry Xmas ပါ။

nu-san said:

ဝင်္ကဘာလေးလည်း နှစ်သစ်မှာပျော်ရွှင်ပါစေ.. ရည်မှန်းချက်တွေလည်း အောင်မြင်ပါစေ... :D

Anonymous

Anonymous said:

Merry Christmas ပါ.. ညီမရေ...
အစစအရာရာ.. အဆင်ပြေပါစေ...

tzm

Anonymous

Anonymous said:

ညီမလေးရေ နှစ်သစ်အတွက် စိတ်ကူးသစ်တွေ အကောင်အထည်ဖော်နိုင်ပါစေ..။

Nyein Chan Aung said:

အားလုံးပဲကိုယ်ရည်မှန်းထားသမျှအားလုံး ဖြစ်မြောက်အောင်မြင်နိုင်ကြပါစေ။

ပိစိလည်း မျှော်မှန်းတဲ့ အတိုင်းဖြစ်ပါစေနော်။

Anonymous

Anonymous said:

Sis,Happy New Year!
I'll do it now.

May be happy you all.
:)

thoemalay

Anonymous

Anonymous said:

Sorry sis, I mean
May you be always happy! :)