Winkabar

A lot of my thoughts...

Happy Birthday to...

  • Posted: 8:43:00 AM
  • |
  • Author: Winkabar

နိုဝင်ဘာ၊ ဒီဇင်ဘာ လတွေတုန်းက မွေးနေ့ရှင်တွေ တန်းစီနေသလို အခု ဖေဖော်ဝါရီကလည်း ဘလော့ဂါ မွေးနေ့ရှင်တွေ များတဲ့လတစ်လပါ။ အရင်ရက်တွေတုန်းက ကိုပီကေကို black dreamကိုမင်းတစေ နဲ့ P Z J တို့ကမ္ဘာက j-quen(pjz) တို့ရဲ့မွေးနေ့တွေပါ။ ဒီနေ့ရဲ့ မွေးနေ့ရှင်ကတော့

" နေ့သစ်တစ်ခုကိုဖြတ်သန်းဖို့
ခွန်အားလိုတယ်
ဘ၀တစ်ခု ရွေ့လျားဖို့
ကျွန်မ လိုအပ်တာက
သူငယ်ချင်းများပါ............... "
လို့ ခံယူထားသူဖြစ်ပြီး ကဗျာတွေကိုလည်း ချစ်တတ်သူတစ်ယောက်ပါ။ နောက်ပြီး သူက သရဲလည်း ကြောက်တတ်ပါသေးတယ်။ သူကတော့ အားလုံးက chaos လို့သိတဲ့ မကဗျာချစ်သူပါ။

သူနဲ့ကျွန်မက တစ်ဝမ်းကွဲ တော်ပါတယ်။ သူ့အမေက ညီအစ်မသုံးယောက် ရှိပါတယ်။ ကျန်တဲ့ညီမ နှစ်ယောက်ရဲ့ သားသမီးတွေနဲ့ ကျွန်မတို့နဲ့ ရင်းနှီးပေမယ့် သူနဲ့တော့ ခင်မင်ခွင့်မရခဲ့ပါဘူး။ ဘလော့ရေးရင်းနဲ့ မှ ပို့စ်လေး တစ်ခုကြောင့် သူနဲ့ ကျွန်မ သိခွင့်ရခဲ့တယ်။ နောက်ပိုင်း ဂျီတော့ မှာစကားပြောဖြစ်တော့မှ အမျိုးတွေမှန်း သိလိုက်ရတယ်။ အပြင်မှာ တစ်ခါမှမတွေ့ဖူးပေမယ့် အိမ်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ကျွန်မအတွက်ကတော့ သူဟာ အစ်မအရင်းတစ်ယောက်လိုပါပဲ။ အစ်မတစ်ယောက်လိုပဲ စောင့်ရှောက်တယ်။ ကျွန်မရဲ့ကိစ္စ အစစ အရာရာ အတွက်လည်း ဂရုစိုက် ပူပန်ပေးပါတယ်။ အလုပ်တွေ များနေပေမယ့် တစ်ခါတစ်လေကျရင် ကျွန်မ ပြဿနာတစ်ခုခုရှိရင် ဂရုတစိုက်နဲ့နားထောင် အကြံပေးပါတယ်။ အရင်က အပြင်မှာမခင်ခဲ့ရပေမယ့် အခုလို ဘလော့ကြောင့်သိခွင့်ရတဲ့အတွက် ကျွန်မ ၀မ်းသာလို့မဆုံးပါဘူး။ သူကတော့ ကျွန်မအတွက်တော့ အစစ အရာရာကို အားကိုးလို့ရတဲ့ လူတစ်ယောက်ပါ။

ဒီနေ့ကသူ့ရဲ့ ၂- နှစ်မြောက်မွေးနေ့ပါ။ ဘယ်လောက်လဲတော့အသေချာမသိဘူး။ သူ့ပဲ သွားမေးကြည့်လိုက်တော့နော်။ မုန့်စားဖို့ သူ့ဘလော့ကို ဒီ ကနေသွားပါ။

အစ်မရေ ဒီနေ့ မွေးနေ့ကနေစပြီး နောက်နှစ်ပေါင်းများစွာ ကိုယ်ချစ်တဲ့လူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်ပါစေ။ ဘ၀ခရီးလမ်းကို အခက်အခဲမရှိလျှောက်လှမ်းနိုင်ပြီးတော့ လိုရာပန်းတိုင်ကို လည်းအရောက်လှမ်းနိုင်ပါစေ။ လိုအင် ဆန္ဒတွေလည်း အားလုံးပြည့်ဝနိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်နော်။

6 people have left comments

စိုးထက် - Soe Htet ! said:

ဒီမှာဝင် ပြီး ဆုတောင်း ပေးသွားပါတယ်
ခေးရော့စ် အားလုံး အဆင်ပြေ ချမ်းမြေ့ ပါစေ ... :)

ညိမ်းညို said:

သူငယ်ချင်း chaos တစ်ယောက် သူချစ်တဲ့ ကဗျာတွေနဲ့
အမြဲတမ်း ပျော်မွေ့ခွင့်ရပါစေဗျာ။ ကိုယ်စိတ်နှစ်ပါး ရွှင်လန်း
ချမ်းမြေ့ပါစေ ။
ညီအမနှစ်ယောက် ပျော်ပျော်ကြီး ဘလော့နိုင်ကြပါစေ :D
ပျော်ရွှင်ပါစေဗျာ။

Kaung Kin Ko said:

သြော၊ ဘလော့ရေးမှ ညီအစ်မမှန်းသိရတယ်လို့ ။ :D ပျော်ရွှင်သောမွေးနေ့ ဖြစ်ပါစေ။

သက်ဝေ said:

ညီမ ၀င်္ကပါ.. C Box မှာ ဘာမှ မမြင်ရဘူး။ မနေ့ ကဆို Side Bar တစ်ခုလုံး ပျောက်နေတယ်။

Anonymous

Anonymous said:

အော်...ဒင်းတို့က ညီမတွေကိုး။။

Unknown said:

Tag ထားမှန်းအခုမှ သိတယ်ညီမရေ...မွေးနေ့ဆိုတာ လူတစ်ယောက်ရဲ့ ပထမဆုံး ဘ၀မှတ်တိုင် တစ်ခုပါဘဲ။ အခုလို အမှတ်တရ ရှိပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ် ။ :)