Winkabar

A lot of my thoughts...

Eid Mubarak

  • Posted: 11:46:00 AM
  • |
  • Author: Winkabar




အစ်နေ့ရောက်လာပြီ။ ရန်ကုန်မှာဆိုရင် ဒီအချိန်ဆို တော်တော်ပျော်ဖို့ကောင်းတာ။ တစ်အိမ်တက်တစ်အိမ်ဆင်းနဲ့ မုန့်ဖိုးလည်းရတယ်။ မုန့်လည်းစားရတယ်။ ဒီမှာတော့ မနက် ဗလီသွားတဲ့အချိန်လေးပဲ လူတွေ့ရတယ်။ ပြီးရင်တော့ ခြောက်ကပ်ကပ်ပါပဲ။ လူဆိုတာ ရှားပါးပစ္စည်းဖြစ်နေပြီ အကုန်လုံးက ကားပဲစီးနေကြတော့။ တစ်ခါတစ်လေတော့လည်း တွေးမိတယ်။ နိုင်ငံခြားမှာနေရတဲ့ဘဝက တော်တော်အထီးကျန်တာပဲလို့။မိသားစုရှိနေသေးလို့တော်သေးတယ်။ တစ်ယောက်တည်းသမားတွေဆိုတော်တော် စိတ်ညစ်မှာပဲ။ အရင်နှစ်ကတော့ ပြောဖြစ်တယ်။ ဒီနှစ်အစ်ကျရင် မုန့်ကျွေးမယ်လို့ အဟီး။ ဒီနှစ်အစ်နေ့က စာနဲ့နပမ်းလုံးနေတာ ည၁၂ နာရီမှပဲပြီးတယ်။ အစ်နေ့တောင် မပျော်လိုက်ရဘူး။ စိတ်တော့တော်တော်ညစ်ဖို့ကောင်းတယ်။ စနေနေ့ကျရင်တော့ အိမ်မှာ ထမင်းကျွေးမလို့ အစ်နေ့အတွက်။ လာခဲ့ပါလား။ မုန့်ကျွေးမယ်လေ။ :P ။
Eid Mubarak.. !

3 people have left comments

Unknown said:

အလှူအိမ်သို့ ထိပ်ဆုံးမှ ရောက်ရှိပါကြောင်း သတင်းပို့စ်စ်စ်စ်စ်စ်စ် ပါတယ်..။ :P

pandora said:

နည်းနည်း နောက်ကျသွားတယ်။

Thinzar said:

Eid Mubarak! နှုတ်ဆက်တာ နည်းနည်း နောက်ကျသွားတယ်။ အလည်လွန်နေလို့။ :) ထမင်း လာမစားလိုက်ရဘူး။