Winkabar

A lot of my thoughts...

Problem of the Week

  • Posted: 10:46:00 PM
  • |
  • Author: Winkabar

ကျောင်းကနေ အပတ်တိုင်း problem of the week ဆိုပြီး တစ်ပတ်ကို ပုစ္ဆာတစ်ပုဒ်စီမေးတယ်။ ဒီအပတ်ရဲ့မေးခွန်းက စိတ်ဝင်စားစရာကောင်းလို့ တင်လိုက်ပါတယ်။ အဖြေက နောက်တစ်ရက် နှစ်ရက်ဆိုရင် သိရပြီ။


Ramona just completed writing her first book and numbered the pages. Numbering the book required 2649 digits. How many pages does Ramona's book have?

Ramona ဆိုတဲ့ကောင်မလေးက စာအုပ်တစ်အုပ်ကိုရေးလို့လည်းပြီးရော စာမျက်နှာတွေကို နံပါတ်စဉ်တပ်လိုက်တာ ဂဏန်းပေါင်း ၂၆၄၉ လုံးကိုသုံးလိုက်ရပါတယ်။ သူမရဲ့ စာအုပ်မှာ စာမျက်နှာ

ဘယ်နှမျက်နှာရှိပါသလဲတဲ့။

ဖြေကြည့်လိုက်ပါဦးနော်။ အဖြေသိရရင် ဒီပို့စ်ရဲ့ ကော့မန့်အောက်မှာတင်ထားလိုက်ပါ့မယ်။

4 people have left comments

ရွှန်းမီ said:

hi sis..
It's fun. Thank you!
but.. it's not fun to tell the answer now :-P
=)

Winkabar said:

အဖြေက စာမျက်နှာ ၉၁၉ မျက်နှာပါတဲ့။

ဂဏန်းတစ်လုံးတည်းပါတဲ့ ၁ ကနေ ၉ အထိဆိုရင် (၉)လုံး

ဂဏန်းနှစ်လုံးပါတဲ့ ၁၀ ကနေ ၉၉ ထိကျတော့ အလုံး (၉၀)

ဒါဆိုရင် 1x9=9
2x90= 180 , အဲဒီနှစ်ခုကိုပေါင်းလိုက်ရင် 189။
2649 ထဲကနေ 189 ကိုနှုတ်ရင် 2460 ရမယ်။
2460 ကို ၃ နဲ့စားလိုက်ရင် ၈၂၀ , အဲတော့ ဂဏန်း သုံးလုံးအရေအတွက်က ၈၂၀ ရှိရမယ်။ အလုံးအရေအတွက် ၈၂၀ ဆိုတော့ ၉၁၉ အထိ။

1x9=9
2x90=180
3X820=2460 အားလုံးကိုပေါင်းလိုက်တော့ ၂၆၄၉။ အဲတော့ စုစုပေါင်းစာမျက်နှာက ၉၁၉ မျက်နှာ။

နားလည်လားတော့မသိဘူး။ ရေးရင်းနဲ့ကိုယ်တိုင်တောင်ရှုပ်သွားပြီ :P ။ အမှန်တော့ တွက်ရင်တော့ လွယ်ပါတယ်။

Anonymous

Anonymous said:

အရမ်းရှုပ်ကုန်ပြီ ညီမရေ... :)

လင်း said:

ရှုပ်နေတာဘဲ။ နားမလည်ပါဘူးးး