Winkabar

A lot of my thoughts...

တရုတ်ပြည်တွင်ကျင်းပမည့်အိုလံပစ်ပွဲ

  • Posted: 6:46:00 AM
  • |
  • Author: Winkabar

မနေ့မနက်က ကိုနစ်နေမန်းရဲ့ဘလော့မှာ တရုတ်အစိုးရထံပေးစာ ကိုတွေ့လိုက်ရတယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲ
ညနေကျောင်းသွားတော့ကျောင်းမှာတရုတ်ပြည်အကြောင်း
ပြောတယ်။တရုတ်တွေကအင်္ဂလိပ်စာသင်ရင်တဲ့အခက်အခဲတွေ
ကြုံရတယ်တဲ့။အဓိကကတော့စာကြောင်းဖွဲ့စည်းပုံတွေမတူလို့
ပါတဲ့။ ဒါတော့သူပြောမှလား။ မြန်မာပြည်ကလူတွေလည်းဒီလိုပါပဲလို့တွေးမိတယ်။
ဒါပေမဲ့အခုကသူ့အကြောင်းကိုနော်။
ဆရာမကသူတို့တွေဘာသာပြန်တာလွဲတဲ့အကြောင်းတွေကိုပြောပြတယ်။ အလွဲတွေ၁ခုပြီး၁ခုပေါ့။ လွဲတာတွေကရယ်ရတယ်။ အစားအစာ၁ခုကို Acid Food လို့ပြောလိုပြော ၊ သတိထားချော်လဲတတ်သည်ဆိုတာကို Carefully slip လို့ဘာသာပြန်လိုပြန်နဲ့ ရုပ်ပျက်ဆင်းပျက်ပေါ့နော်။ ဒါပေမဲ့အခုကတော့ပြုပြင်နေပါပြီတဲ့။ အဓိကကတော့အိုလံပစ်ပွဲကြောင့်ပေါ့။ဒီပွဲကြီးကိုပစ်မှတ်ထားပြီးကြိုးစားနေကြတာလေ။
အိုလံပစ်လာကျင်းပရင်သူတို့နိုင်ငံကိုသူများမကဲ့ရဲ့အောင်ပေါ့။ နားထောင်ရင်းနဲ့မနက်က
ဖတ်ခဲ့တဲ့သတင်းကိုသတိရလာတယ်။ အော်.... သူတို့ကဒီပွဲအတွက်ကြိုးစားနေကြတယ် ဒါကိုတို့တစ်တွေကအကယ်၍များတရုတ်ဟာမြန်မာအစိုးရကိုဆက်ထောက်ခံမယ်ဆိုရင်
ဒီပွဲကြီးမလုပ်နိုင်အောင်သပိတ်မှောက်ကျမယ်ဆိုတော့စဉ်းစားပြီးစိတ်မကောင်းဘူး။
သူတို့ခမျာကြိုးစားနေကြတာလို့ပေါ့နော်။တရုတ်နဲ့တို့အခုဖြစ်နေတဲ့အရေးတော်ပုံနဲ့
ဘာများပတ်သက်လို့လဲလို့။အကယ်၍များတကယ်ဒီပွဲကိုတို့တစ်တွေဆန့်ကျင်ရင်တော့
တရုတ်တွေက ငါတို့ကိုပြောတော့မှာပဲ။ နင်တို့ကိစ္စငါတို့နဲ့ဘာဆိုင်လဲဆိုပြီးတော့။ ရှားရှားပါးပါးကျင်းပရတဲ့ဟာကိုလာမရှုပ်နဲ့လို့ပြောမှာပဲ။ ဒါတွေစဉ်းစားမိပြီးတရုတ်ကိုသနားမိတယ်။ သူတို့ရဲ့မျှော်လင့်ချက်လေးကိုမပျက်သုဉ်းစေချင်ဘူး။
ဒါပေမဲ့ပြန်စဉ်းစားကြည့်တော့ သူတို့ဒီလိုကျောထောက်နောက်ခံလုပ်နေလို့လည်းဒီအစိုးရက
ဒီလောက်လုပ်ရဲနေတာပေါ့။အခုဖြစ်နေတာတွေကလည်တရုတ်ရဲ့ပယောဂမကင်းဘူး။ သူတို့သာဒီလိုဗီတိုအာဏာသုံးပြီးအစိုးရကိုမကာကွယ်ပေးရင်တို့နိုင်ငံကြီး
လွတ်မြောက်တာကြာပြီ။ ဒါတွေကိုတွေးမိတော့ တရုတ်ကိုမသနားတော့ပဲ မြန်မာပြည်လူထုအတွက်
ဝမ်းနည်းမိတယ်။ နောက်ပြီး ဒီပုံတွေကိုကြည့်ပြီးတော့တရုတ်လည်းရက်စက်တာပါပဲ။ ..ဘာပြောရမှန်းကိုမသိတော့ဘူး။ နှစ်ဖက်စလုံးကသူ့အကြောင်းနဲ့သူဆိုတော့လေ။ပြည်သူတွေကအပြစ်မရှိပါဘူး။
ခေါင်းဆောင်တွေကြောင့်သာ။တရုတ်ကမြန်မာထပ်ပြီးကျောထောက်နောက်ခံမလုပ်တော့ရင်
ကောင်းမယ်။ဒါဆိုသူလည်းအေးအေးဆေးဆေးအိုလံပစ်ပွဲလုပ်၊
မြန်မာအစိုးရလည်းသူ့ထိုက်နဲ့သူခံ။ ဒါမျိုးဆိုဘယ်လောက်ကောင်းမလဲ။ လူတိုင်းစိတ်ချမ်းသာတယ်။
သားသမီးမကောင်းမိဘခေါင်းတဲ့။ အခုနိုင်ငံ့မိဘဖြစ်တဲ့အစိုးရမကောင်းတော့ဘယ်သူ့ခေါင်းဖြစ်မလဲ။
ကြားကပြည်သူတွေကအလကားနေရင်းအချောင်ခံနေရတယ်။
တရုတ်ပြည်သူတွေကြိုးစားပြီးမျှော်လင့်နေတဲ့အိုလံပစ်ပွဲကြီးရဲ့
ကံကြမ္မာဟာဘယ်လိုဖြစ်မှာလဲ။ မြန်မာနိုင်ငံတော်ရဲ့အနာဂတ်ကံကြမ္မာကရောဘယ်လိုလာမှာလဲ။
မဝေးတော့တဲ့အနာဂတ်ကိုလှမ်းမျှော်ရင်း....

1 people have left comments

tayzar said:

ကျွန်တော်ကတော့ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံ အပေါ်လုပ်ရပ် အတွက် ဘေဂျင်း အိုလံပစ်ကို သွေးစွန်းတဲ့ အိုလံပစ်လို့ပဲ မြင်တယ်။