Winkabar

A lot of my thoughts...

ဆေးလိပ် နှင့် စိတ်အခြေအနေ

  • Posted: 4:40:00 PM
  • |
  • Author: Winkabar

အစ်မမိုးချစ်သူ ကဆေးလိပ်နဲ့

ခပ်ဝေးဝေးလေးနေရအောင်တဲ့ပြောပြီးဆေးလိပ်သောက်တဲ့လူတွေကိုလိုက်ရိုက်နေတယ်။
မမွန်းသက်ပန်ကလည်းဆေးလိပ်ဖျက်ဖို့ ကောင်းနိုးရာရာ အချက်အလက်တွေ
ကိုလည်းရေးပြီးပြီ။
ကိုမိုးစက် ကလည်းသူ့အတွေ့အကြုံတွေကိုရေးပြီးပြီ။ ဒါပေမဲ့ထပ်ပြောစရာလေးတွေရှိနေသေးလို့ပါ။


ဆေးလိပ်ကိုလူတွေကသောက်ကြတယ်။မကောင်းမှန်းသိလျက်နဲ့လည်းသောက်ကြ
တယ်။ကိုယ်တခဏတာခံစားရတဲ့သာယာမှုကိုတပ်မက်ပြီးတော့သောက်ကြတယ်။
တကယ်တော့အဲလိုသာယာမှုမျိုးဟာတခဏတာပဲကောင်းတာပါ။ သာယာမှုရဲ့နောက်မှာတော့ဒုက္ခတွေ၊ဆိုးကျိုးတွေတန်းစီနေပါတယ်။ဒါတွေကိုလည်း
သိသိကြီးနဲ့သောက်နေကြတုန်းပါပဲ။ဆေးလိပ်ရဲ့အရသာ၊ဆေးလိပ်သောက်တဲ့အတွေ့အကြုံ
တွေကိုခံစားချင်လို့ဆေးလိပ်သောက်တယ်။သူများတွေသောက်လို့၊ လူအများသောက်နေတဲ့အချိန်ကြုံလို့ကိုယ်လည်းစမ်းကြည့်ချင်တာနဲ့သောက်တယ်။ အခြေအနေအချိန်အခါအမျိုးမျိုးကြောင့်သောက်တယ်။ဘယ်လိုပဲဖြစ်ဖြစ်ဆေးလိပ်ဟာ
မကောင်းမှန်းသိလျက်နဲ့ကိုစမ်းပြီးစသောက်မိကြတယ်။ဒီလိုနဲ့ပဲဆေးလိပ်ကိုစွဲတဲ့
အဆင့်အထိရောက်လာရော။တစ်ချို့တွေကတော့မစွဲပဲအလွယ်တကူဖျက်လို့ရပါတယ်။
ဒါပေမဲ့အင်မတန်ရှားပါတယ်။ကိုယ်ကတော့အဲဒီ
အမျိုးအစားထဲမှာပါတယ်ဆိုပြီးတော့စမ်းသောက်ကြည့်တဲ့လူတွေလည်းအများကြီးပါ။ တကယ်တမ်းသောက်တော့ထင်သလိုမဟုတ်ပဲစွဲသွားတာတွေလည်းရှိပါတယ်။ စွဲသွားတော့မသောက်ပဲမနေနိုင်လို့သောက်တယ်။ သောက်တော့စွဲတယ်။
စွဲတော့သောက်ပြန်ရော။ဒါနဲ့ပဲသံသရာလည်နေတော့တဖြည်းဖြည်းနဲ့ဖျက်ဖို့ခဲယဉ်းလာတယ်။
ဒီလိုနဲ့ပဲလူတွေကဖျက်ဖို့မကြိုးစားတော့ပဲနဲ့ဒီလိုသံသရာရေစီးကြောင်းထဲ
မှာမျောနေတော့တယ်။အမှန်တော့အဲလိုမျောရင်းနဲ့ဘယ်ရောက်သွားမလဲဆိုတာကို
သတိမထားမိကြဘူး။ကိုယ့်ရှေ့မှာမြင်နေရပေမယ့်လည်းကိုယ်တိုင်မကြုံဖူးသေးတော့
ကြောက်ရကောင်းမှန်းမသိကြဘူး။စွဲလမ်းခြင်းပြဿနာကိုသာဦးစားပေးနေတယ်။
ကိုယ့်စိတ်ကိုအလိုလိုက်ပြီးတော့ဆက်သောက်နေကြတယ်။ ဖျက်ရင်တွေ့ကြုံရမယ့်ဒုက္ခတွေကိုမခံစားချင်ကြဘူး။ရှောင်ပုန်းချင်တယ်။
ဒီလိုနဲ့ပဲဖျက်ဖို့ကိုမစဉ်းစားကြတော့ဘူး။တကယ်တော့ဆေးလိပ်ဆိုတာကိုယ့်ကို
ဘာအကျိုးမှမပြုတဲ့အပြင်ဆိုးကျိုးတွေကိုသာသယ်ဆောင်လာတဲ့အရာပါ။ကိုယ်တင်
မကဘူး သူတစ်ပါးကိုပါအန္တရာယ်ပေးပါတယ်။ဆေးလိပ်သောက်နေတဲ့လူရဲ့ ဘေးပတ်ဝန်းကျင်မှာရှိနေတဲ့လူတွေကလည်းဆေးလိပ်ငွေ့တွေကိုရှူမိပြီးတော့
ကိုယ်တိုင်မသောက်ပေမယ့်လည်းသောက်နေသူကဲ့သို့သောအကျိုးကိုခံစားရပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေသောက်ရင်လည်းကိုယ့်ရဲ့မမွေးသေးတဲ့ရင်သွေးကိုဒုက္ခ
ရောက်စေပါတယ်။ပေါင်မပြည့်ပဲမွေးတာတို့စောမွေးတာတို့ဖြစ်တတ်ပါတယ်။
အပြစ်ကင်းစင်သေးတဲ့လူ့လောကကိုတောင်မရောက်သေးတဲ့ကလေးကိုတောင်
ထိခိုက်စေပါတယ်။မိမိရဲ့ကျန်းမာရေးကိုထိခိုက်စေတဲ့ဆေးလိပ်ကိုသောက်နေတာဟာ
ကိုယ့်အတွက်ရောဂါကိုဝယ်ထည့်နေသလိုပါပဲ။ဒါတင်မကသေးပါဘူး။ကိုယ့်အနီးအနား
ပတ်ဝန်းကျင်ကလူတွေကိုလည်းရောဂါတွေဖြန့်ဝေပေးနေတာနဲ့အတူတူပါပဲ။ဆေးလိပ်
သောက်ရင်ရောဂါရမယ်။ကင်ဆာဖြစ်မယ်။နှစ်စဉ်နှစ်တိုင်းလည်းအဆုတ်ကင်ဆာဖြစ်ပြီး
သေတဲ့လူတွေထဲမှာဆေးလိပ်သောက်လို့သေတဲ့လူတွေကတစ်ဝက်လောက်ပါနေပါတယ်။
ဒါတွေကိုမသိဘူးလားဆိုတော့သိပါတယ်။ဒါပေမဲ့မျက်စိမှိတ်ထားသလိုဖြစ်နေတာမသိချင်
ယောင်ဆောင်နေသလိုဖြစ်နေကြပါတယ်။လျစ်လျုရှုနေကြတာပေါ့။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကဆရာဝန်တွေကကြေညာတယ်။cranberryလိုအသီးတစ်မျိုး
စားရင်အဆုတ်ကင်ဆာဖြစ်တယ်ဆိုတော့လူတွေကအဲဒီအသီးကိုမစားကြတော့ပါဘူး။
ဒါပေမဲ့ဆေးလိပ်သောက်ရင်အဆုတ်ကင်ဆာဖြစ်တယ်လို့ပြောပေမယ့်
လည်းသောက်နေကြပါသေးတယ်။ဘာပဲပြောပြောဘာပဲရှာဖွေတွေ့တွေ့ဆေးလိပ်
ကိုတော့လူတွေကလက်မလွှတ်ကြသေးပါဘူး။တစ်ယောက်ကပြတ်သွားပေမယ့်လည်း
နောက်တစ်ယောက်ကစသောက်ပြန်ရော။ဒီလိုနဲ့ပဲဆေးလိပ်ဟာလူတွေကြားထဲမှာ
မွှေနှောက်ပြီးတော့အောင်ပွဲခံနေပါတယ်။ဆေးလိပ်ကဘာမှတန်ခိုးမရှိပါဘူး။
သူ့မှာဘာမှလုပ်ဆောင်နိုင်စွမ်းမရှိပါဘူး။လူတွေသာသူ့ကိုတန်ခိုးရှိအောင်လုပ်နိုင်
အောင်လုပ်နေကြတာပါ။ဒီလိုဘာမှမဟုတ်တဲ့အရာတစ်ခုဟာသူ့ထက်အဆများစွာ
သာတဲ့လူတွေရဲ့အသက်ဇီဝန်တွေကိုခြွေနေတာအင်မတန်မှဝမ်းနည်းစရာကောင်းပါ
တယ်။ဒီတော့ဒီလိုဘာမှလုပ်နိုင်စွမ်းမရှိတဲ့ဆေးလိပ်ကိုထပ်ပြီးတော့မနိုင်နိုင်အောင်
ဆေးလိပ်စွဲနေသူများလည်းကြိုးစားပြီးတော့ဖြတ်ကြပါ။မသောက်ဖူးသေးတဲ့လူတွေ
ကလည်းစမ်းပြီးတော့စမသောက်ကြပါနဲ့။တဖြည်းဖြည်းနဲ့ဒီဆေးလိပ်ကိုအမြစ်ပြတ်ပြီး
လူ့လောကထဲကနေအပြီးအပိုင်ထွက်သွားအောင်အားလုံးပေါင်းပြီးလုပ်ဆောင်ကြပါ။

ကိုယ်ဆေးလိပ်သောက်ဖို့ကိုင်လိုက်တာနဲ့ငါဒါကိုသောက်ရင်ဘာအကျိုးရှိမလဲ။ ဘာဆိုးကျိုးတွေရမလဲ။ဘယ်လိုနောက်ဆက်တွဲတွေခံစားရမလဲဆိုတာကို
ခဏလေးစဉ်းစားပါ။ပြီးရင်သောက်သင့်မသောက်သင့်ဆုံးဖြတ်ပါ။ဒါဆိုရင်တော့
သောက်ချင်စိတ်နည်းနည်းတော့လျှော့သွားမယ်။သောက်ချင်စိတ်လျှော့သွားရင်တော့
ဖြတ်ဖို့စကြိုးစားပါ။ဖြတ်နေတဲ့အချိန်မှာကိုယ့်ကိုယ်ကိုမညှာပါနဲ့။ငါတော့နေရခက်
တယ်ဒီဝေဒနာကြီးကိုမခံစားနိုင်ဘူးဆိုပြီးတော့ညှာနေလို့မဖြစ်ပါဘူး။အနာခံမှအသာစံရမှာပါ။
တခဏသာလောက်သာနည်းနည်းခံရခက်မယ်။နောက်ပိုင်းကတော့အသာစံဖို့ချည်းပါပဲ။
ဆေးလိပ်ကင်းစင်တဲ့ကမ္ဘာကြီး၊ကျန်းမာတဲ့ဘ၀ကြီးကလက်တစ်ကမ်းကနေ
သင့်ကိုကြိုဆိုနေပါတယ်။ဒီတော့မနှစ်မြို့စရာကောင်းတဲ့ဆေးလိပ်ရဲ့ကျေးကျွန်ဘ၀က
ရုန်းထွက်ပြီး ဆေးလိပ်ငွေ့များကင်းစင်တဲ့ ထိုကမ္ဘာကြီးကိုအရောက်သွားကြပါစို့လား။

13 people have left comments

nu-san said:

ဆေးလိပ်မသောက်ဖို့ရေးထားတဲ့ ပို့စ်လေးတွေ ဖတ်ရတာ ဆေးပညာဗဟုသုတရလို့ ကျေးဇူးပါ ညီမလေးရေ...
အမက ဆေးလိပ်နံ့လုံးဝ ခံလို့ မရဘူး။ ဆေးလိပ်နံ့ရရင် အသက်ရှုကျပ်နေရော.. အဲဒီနေ့ နေလို့ မကောင်းတော့ဘူး.. သောက်များသောက်ရင်တော့ အသက်ပါ ထွက်မယ်.. ဂျပန်မှာတော့ အမျိုးသမီးတွေက လက်က စီးကရက်ကို မချဘူး.. အသားကုန် သောက်ပဲ.. :)

Anonymous

Anonymous said:

ဆေးလိပ်.......

အင်း.. ဒီဆေးလိပ်မသောက်ဖို့ဆိုတဲ့ ကိစ္စကို.. ကိုယ်လည်း ထောက်ခံပါတယ်။ တချိန်မှာ ကိုယ်တို့ ကမ္ဘာကြီးက ဆေးလိပ်ကင်စင်တဲ့ ကမ္ဘာကြီး ဖြစ်လာပါစေလို့လဲ ဆုတောင်းပါတယ်။

tzm

MCT said:

ညီမလေးရေ.....

ဆေးပညာဗဟုသုတလေးတွေ
မျှဝေ တဲ့ စိတ်လေးရှိတာ
ကျေးဇူးတင်တယ်နော်။
ချစ်ညီမလေးလဲ
လိုရာပန်းတိုင်ကို
အရောက်လှမ်းနိုင်ပါစေ

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said:

ဆေးလိပ်ဆိုလို့ နဲနဲဝင်ပြီး ပြောကြည့်ချင်တယ်။ တာတူးက ဆေးလိပ် မကောင်းတာလည်း သိတယ်။ သောက်လည်းမသောက်ပါ။ ခက်တာက တာတူးဝန်းကျင်က လူတွေက ဆေးလိပ်ဂျိုး (ဆေးလိပ်စွဲနေကြသူ) တွေချည်း။ သူတို့က မနက်ဆို မျက်လုံး မဖွင့်ခင် ပါးစပ်မှာ ဆေးလိပ်အရင် တပ်လိုက်ရမှ။ တွေ့ဘူးကြမယ်ထင်ပါရဲ့ ။ တာတူးပြောလေ့ရှိတဲ့စကားဝေမျှရရင် မင်းတို့က ဆေးလိပ်ကို အစီခံနဲ့ သောက်ကြတာ ငါက ဗြောင်သောက်ရတာလို့ ။ပြီးတော့ နင်တို့က တစ်ယောက်မှ တစ်လိပ်ရယ် ၊ ငါက တစ်နေ့ တစ်နေ့ မနည်းဘူးလို့ ။
ဒီလိုနဲ့ တာတူးက အဆုတ်ရောဂါ ရပါတယ်။ ခုဆို ဆေးလိပ်ငွေ့ တို့ ၊ မီးခိုးငွေ့တို့ မခံနိုင်တော့ပါ။
ကောင်မလေးက ဖြတ်ခိုင်းလို့ ပြတ်သွားတဲ့ လူလည်း တွေ့ဘူးရဲ့ ။
အသဲကွဲလို့  ၊ လွမ်းလို့ ဆေးလိပ်စွဲသူလည်း ကြုံဘူးရဲ့ ။
စီးကရက်လေး ပါးစပ်မှာ ခဲနိုင်ရင်ကို ဂုဏ်ရြှိပီထင်ထင်နေကြသူတွေလည်း ကြုံးဘူးရဲ့ ။ ဝေမျှချင်တာကတော့ ရထားပေါ် ၊ ကားပေါ် ၊ သင်္ဘောပေါ် လူများများရှိတဲ့နေရာမှာ ဆေးလိပ် သောက်ကြသော ပုဂွိုလ်များကို တားမြစ်ကန့်ကွက်ပေးကြပါလို့ ။

ကလိုစေးထူး said:

ကျနော်က အသက် ၁၇ နှစ်သားမှာ ဆေးလိပ် စသောက်ခဲ့တယ်။ စ သောက်တုန်းကတော့ လူငယ်သဘာဝ သူငယ်ချင်းတွေ မြှောက်ပေးမှုနဲ့ ဖွာထုတ်တာပါပဲ။ မှတ်မိသေးတယ်၊ အဲဒီတုန်းက ဆေးလိပ်မီးခိုးကို နှာခေါင်းထဲကနေ မျှင်းပြီး ထုတ်နိုင်တာ၊ သူများတွေက မီးခိုးတွေကို ဖွာထုတ်တဲ့ အချိန်မှာ ကျနော်က ရှိုက်သွင်းတာကို ကြံကြံဖန်ဖန် ဂုဏ်ယူခဲ့ဖူးတယ်။ နောက်တော့ ပိုက်ဆံလေး တတ်နိုင်ရင် စီးကရက်၊ မတတ်နိုင်တဲ့ အခါဆိုရင်တော့ ဆေးပေါ့လိပ်ပေါ့။ ဘယ်လောက်အထိ သောက်ဖြစ်သွားလဲဆိုရင် တနေ့ကို လန်ဒန် တဗူးကို ကျနော်တယောက်ထဲ ကုန်တယ်။ တခါတလေဆို မလောက်ဘူး။ ဆေးပေါ့လိပ်ဆိုရင် အနည်းဆုံး ဆယ့်နှစ်လိပ် ကုန်တယ်။

အဲလောက် ဆေးလိပ်သောက်ခဲ့တဲ့ လူက တချိန်မှာတော့ ဆေးလိပ်သောက်ချင်စိတ် လုံးဝ ကုန်ခန်းသွားခဲ့တယ်။ ကျန်းမာရေး အသိကြောင့် မဟုတ်ပါဘူး။ ဆေးလိပ် သိပ်သောက်ချင်လွန်းတဲ့ အခါကျတော့ ပိုက်ဆံ မရှိတဲ့ အခိုက်ဆိုရင် သိပ်မျက်နှာငယ်ရတယ်။ သူများ သောက်လက်စ အတိုကိုလည်း မျှသောက်လို သောက်ရ၊ တခါတလေဆို ကိုယ်နဲ့ သိပ်အဆင်မပြေတဲ့ လူကိုတောင် (ဆေးလိပ်မျက်နှာနဲ့) မျက်နှာချို သွေးချင်သွေးရသေးတယ်။

အခုတော့ ဆေးလိပ် ပြတ်ခဲ့တာ လေးနှစ်လောက် ရှိပါပြီ။ အခုကျတော့လည်း တခြားလူက ကိုယ့်အနား လာသောက်ရင်တောင် အနံ့မခံနိုင်တော့ဘူး။

လေကြောရှည်တာ များသွားလို့ မျက်စိနောက်စရာ ဖြစ်သွားရင်လည်း ခွင့်လွှတ်ဗျို့။ ပြောချင်တာကတော့ ဆေးလိပ်သောက်တာ မကောင်းဘူးဆိုတာကို ဖြည့်စွက်ပြောချင်တာပါပဲ။ :D

မျှားပြာ said:

ဟုတ်တယ်ဗျာ နော် ဆေးလိပ်က မကောင်းဘူး .။
ဒါပေမယ့် ...။ :)

Mintasay said:

ဒီနေ့ ပန်းသီးတွေဝယ်လာတယ်။ ညီမလေးpost ကိုလေးစားတဲ့အနေနဲ့ ဆေးလိပ်တစ်လိပ်ပဲသောက်ဖြစ်ပြီး ပန်းသီး ၃ လုံးစားလိုက်တယ်

Winkabar said:

nu san>>ဟုတ်ပါ့အစ်မရယ် ကိုယ်တိုင်သောက်ရင်တော့ဘယ်လိုနေမလဲမသိဘူး။ဒီကလူတွေလည်းဒီလိုပဲ။ သောက်သလားတော့မပြောနဲ့။ အပြင်တောင်မထွက်ရဲဘူး။ အသက်အောင့်ပြီးမြန်မြန်ပြေး
ဝင်ရတယ်။

tzm>> တစ်နေ့ကျရင်တော့ဖြစ်လာဖို့မျှော်လင့်ရတာပဲပေါ့အစ်ကိုရယ်

မိုးချစ်သူ >>အစ်မ ကိုလည်းကျေးဇူးတင်တယ်နော်။ ပေးတဲ့ဆုနဲ့ပြည့်ပါစေ။

တာတူး>> အခြေအနေပေးရင်တော့လုပ်ချင်ပါတယ်။ commentရေးသွားတာကျေးဇူးတင်ပါတယ်နော်။

ကလိုစေးထူး>> အစ်ကို့အတွေ့အကြုံကထူးထူးဆန်းဆန်းပါလား။ ဘာပဲဖြစ်ဖြစ်ပြတ်သွားတာဝမ်းသာပါတယ်။ ကိစ္စမရှိပါဘူးရှည်လည်း။ ဖြည့်စွက်ပြောတာကျေးဇူးတင်ပါတယ်ကိုစေးထူးရေ။

မျှားပြာ>> အဲဒီဒါပေမယ့်တွေက ခက်နေတာပေါ့ကိုမျှားပြာရယ်။
လူတိုင်းပဲဒါပေမယ့်နေကြတာပဲ။

မင်းတစေ>> အစ်ကိုရေ ၀မ်းလည်းသာတယ် ကျေးဇူးလည်းတင်တယ်နော်။ အောင်မြင်ပါစေ။

မြရွက်ဝေ said:

အမလည်း ဆေးလိပ်အနံ့ မခံနိုင်ဘူး။ ဆေးလိပ်အနံ့ရရင် ခေါင်းတွေကိုက်၊ လည်ချောင်းယားပြီး အသက်ရှူမဝဘူး။ မှတ်မိသေးတယ်။ ဆေးခန်းမှာ အလုပ်ဝင်တုန်းက အမတို့ ကောင်တာရှေ့ လူနာစောင့် ခုံတန်းမှာ လူကြီးတစ်ယောက် ဆေးလိပ်သောက်နေလို့။ ဘယ်သူကမှလည်း ထွက်မပြော၊ နံလိုက်တာလို့ဘဲ အထဲမှာကြိတ်ပြောနေကြတာ။ အမတော့ သည်းမခံနိုင်တာနဲ့ ဆေးခန်းထဲ ဆေးလိပ်မသောက်ဖို့ ထပြောပလိုက်တယ်။ ဒီမှာတော့ မိန်းကလေး 90% ဆေးလိပ်သောက်ကြတယ်။ ကိုယ့်အခန်းထဲ ဆေးလိပ်မီးခိုး ဝင်လာရင် အရမ်းစိတ်တိုရတယ်။ :((

Moesat said:

ဆေးလိပ်ကင်းစင်တဲ့ ကမ္ဘာကြီးကို အရောက်သွားဖို့ တို့ ကတော့ အဆင်သင့် ဖြစ်နေပြီနော်.... :)

Layma said:

အစ်မလည်း ဆေးလိပ်နံ့ မခံနိုင်ဘူး..။ ဒါကြောင့် လက်တွဲဖော်ရွေးတဲ့အခါ ...ဆေးလိပ်သောက်သူမဖြစ်ရလို့ ကန့်သတ်ခဲ့တယ်..။ ဟိ..ကြုံတုန်း လေး...။

metta campaign said:

လုံးဝ မတည့်ပါ။ ဒါပေမယ့် သောက်ဖြစ်နေတယ်။ အသေစောမယ့်သဘောပဲလို့ ယူဆမိပါရဲ့ဗျာ။

NatShinNaung said:

မင်္ဂလာပါ. ၈ တန်းထဲက ဆေးလိပ်ကို စသောက်ခဲ့ပြီး ၉ နှစ်လုံး တစ်ခါမှ မပြတ်ခဲ့ဘူးတဲ့ ကျွန်တော် အခုဖြတ်ထားတာ ၄ ရက်ရှိပါပြီ. ကျွန်တော်နဲ့ အတူတူလိုက်ဖြတ် ကြရအောင်. မင်္ဂလာပါ ၀င်္ကပါ.