Winkabar
A lot of my thoughts...Mole Day
- Posted: 10:18:00 AM
- |
- Author: Winkabar
၉ တန်း ၁၀ တန်းတုန်းကကျက်ခဲ့ရတဲ့ တန်ဖိုးတစ်ခုကို လူတိုင်းမှတ်မိကြမယ်ထင်ပါတယ်။ သေချာမမှတ်မိရင်တောင်မှ နည်းနည်းပေါ့။ အဲဒါကဘာလဲဆိုတော့ 1 mole မှာရှိတဲ့ molecule အရေအတွက်ပါ။ 6.02 X 10^23 ဆိုတာပါ။ သူ့ကို Avogardo's Number လို့လည်းခေါ်တယ်။ 10^23 ကို အမေရိကန်တွေ ရက်စွဲရေးတဲ့ပုံနဲ့ကြည့်မယ်ဆိုရင် အောက်တိုဘာလ (၂၃) ရက်နေ့ပေါ့။ ဒီအောက်တိုဘာ (၂၃) ရက်နေ့ကို Mole Day ဆိုပြီးတော့ ကျင်းပကြတယ်။ သူက unofficial holiday ပါ။ ဓာတုဗေဒ ပညာရှင်တွေကသာဒီနေ့ကိုကျင်းပကြတာပါ။ သူ့ရဲ့ တန်ဖိုးက 6.02 X 10^23 ဆိုတော့ Mole Day ကအောက်တိုဘာ (၂၃) ရက်နေ့ရဲ့ မနက် ၆နာရီ ၂ မိနစ်ကနေ ညနေ ၆ နာရီ ၂ မိနစ်အထိပါတဲ့။ သူတို့မလို့ ကြံကြံဖန်ဖန်တွေးတတ်တယ်။ တစ်ခါမှတော့ ဒီလိုနေ့မျိုးရှိတာကိုမကြားဖူးဘူး။ အခု Chemistry
အခန်းယူမှပဲ သိတော့တယ်။ ဘာပဲပြောပြောစိတ်ဝင်စားဖို့တော့ကောင်းပါတယ်။
Today is Mole Day; let's think about Chemistry all day. :P
6 people have left comments
Dodi said:
ဟုတ်တယ်နော် သူတို့မို့လို့ ကြံကြံဖန်ဖန် အစ်မတို့လဲ ရက်သတ်မှတ်ရအောင် လည်း နာမည်က သနားစရာကောင်းအောင် မကြီး ဟင်းးးးးးးးးး
JulyDream said:
အဲဒီနေ့ကို အခုမှ ကြားဖူးတာ။ မြန်မာလိုဆိုရင် ဓါတုကလျာနေ့လို့ အမည်ပေးသင့်တယ်နော်။ ဟဟ...
Lemon Twist Blogger Template is an extremely beautiful blogger template created by JackBook.Com based on Lemon Twist Wordpress themes by farfromfearless.com. You can edit this words into your own.
ရွှန်းမီ said:
ကျော်သွားမှ သိလိုက်ရတာ စိတ်မကောင်းလိုက်တာ။ =)