Winkabar

A lot of my thoughts...

Mole Day

  • Posted: 10:18:00 AM
  • |
  • Author: Winkabar



၉ တန်း ၁၀ တန်းတုန်းကကျက်ခဲ့ရတဲ့ တန်ဖိုးတစ်ခုကို လူတိုင်းမှတ်မိကြမယ်ထင်ပါတယ်။ သေချာမမှတ်မိရင်တောင်မှ နည်းနည်းပေါ့။ အဲဒါကဘာလဲဆိုတော့ 1 mole မှာရှိတဲ့ molecule အရေအတွက်ပါ။ 6.02 X 10^23 ဆိုတာပါ။ သူ့ကို Avogardo's Number လို့လည်းခေါ်တယ်။ 10^23 ကို အမေရိကန်တွေ ရက်စွဲရေးတဲ့ပုံနဲ့ကြည့်မယ်ဆိုရင် အောက်တိုဘာလ (၂၃) ရက်နေ့ပေါ့။ ဒီအောက်တိုဘာ (၂၃) ရက်နေ့ကို Mole Day ဆိုပြီးတော့ ကျင်းပကြတယ်။ သူက unofficial holiday ပါ။ ဓာတုဗေဒ ပညာရှင်တွေကသာဒီနေ့ကိုကျင်းပကြတာပါ။ သူ့ရဲ့ တန်ဖိုးက 6.02 X 10^23 ဆိုတော့ Mole Day ကအောက်တိုဘာ (၂၃) ရက်နေ့ရဲ့ မနက် ၆နာရီ ၂ မိနစ်ကနေ ညနေ ၆ နာရီ ၂ မိနစ်အထိပါတဲ့။ သူတို့မလို့ ကြံကြံဖန်ဖန်တွေးတတ်တယ်။ တစ်ခါမှတော့ ဒီလိုနေ့မျိုးရှိတာကိုမကြားဖူးဘူး။ အခု Chemistry
အခန်းယူမှပဲ သိတော့တယ်။ ဘာပဲပြောပြောစိတ်ဝင်စားဖို့တော့ကောင်းပါတယ်။


Today is Mole Day; let's think about Chemistry all day. :P


6 people have left comments

ရွှန်းမီ said:

ကျော်သွားမှ သိလိုက်ရတာ စိတ်မကောင်းလိုက်တာ။ =)

Anonymous

Anonymous said:

ခုမှသိတယ်။ :P

Dodi said:

ဟုတ်တယ်နော် သူတို့မို့လို့ ကြံကြံဖန်ဖန် အစ်မတို့လဲ ရက်သတ်မှတ်ရအောင် လည်း နာမည်က သနားစရာကောင်းအောင် မကြီး ဟင်းးးးးးးးးး

Unknown said:

မိုးလည်းမသိတော့ဘူး၊ နှင်းလဲ မသိတော့ဘူး ညီမရေ.... :( စာတွေ အကုန် ကျောင်းပြန်ကုန်ပြီ။

JulyDream said:

အဲဒီနေ့ကို အခုမှ ကြားဖူးတာ။ မြန်မာလိုဆိုရင် ဓါတုကလျာနေ့လို့ အမည်ပေးသင့်တယ်နော်။ ဟဟ...

Kyaw Myat Thu said:

ဗဟုသုတပဲ ညီမလေး. အခုမှပဲ အဲဒီနေ့ ရှိမှန်းသိတော့တယ်. :) TQ